သတင်းနှင့် ပွဲများ

မကြာမီ မိုးသီးနှံများဆွတ်ခူးရိတ်သိမ်းတော့မည်ဖြစ်သကဲ့သို့ ဆောင်းသီးနှံများလည်း စိုက်ပျိုးတော့မည်ဖြစ်ရာ တောင်သူများသိသင့်သိထိုက်သည့် စိုက်ပျိုးနည်းပညာဗဟုသုတများ ဟောပြောဆွေးနွေးခြင်းကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ရာ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်းများကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် က လည်းကောင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များအကြောင်းကို ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့် ကလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရန် လိုအပ်ပုံနှင့် GAP တစ်ချက်ချင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းကို...
စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာရဲတင့်ထွန်း နှင့် ဥယျာဉ်-ဇီဝဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးတာဝန်ရှိသူများသည် မတ်လ ၇ ရက် နေ့လယ်ပိုင်းက ၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ပုန်းအင်းဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာသို့ရောက်ရှိကြပြီး တောင်သူများစိုက်ပျိုးထားရှိသည့် အာလူး (၁၁၉)ဧက နှင့်ကြက်သွန်ဖြူ(၃)ဧက စံပြစိုက်ခင်းများ ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) Guidelineနှင့်အညီ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဒေသနေတောင်သူများ၊ ကွင်းဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသောစိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများဖူလုံစွာစားသုံးနိုင်ရေး၊ ပိုလျှံသည်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် ဈေးကွက်ဝင်မျက်နှာပန်းလှစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် လိုက်နာရမည့် နည်းစနစ် စံနှုန်းများ တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းနှင့်...
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ကွင်းတွင် ဆောင်းသီးနှံဖြစ် သော ဂျုံ ၊ ကုလားပဲနှင့် စပ်မျိုးနေကြာများ၏ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ်ကွက်များနှင့် စံပြကွက်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားရာ (၈-၃-၂၀၁၉) ရက်နေ့တွင် ဂျုံ နှင့် ကုလားပဲသီးနှံများအား ရိတ်သိမ်းချွေလှေ့စက်များဖြင့်ရိတ်သိမ်းခြင်း ၊ စံပြကွက်အထွက်နှုန်းများသိရှိရန် စံကွက်ရိတ်သိမ်းခြင်း နှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ပေါက်အင်း...
ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံး၊အစည်းအဝေးခန်းမ၌(၃.၄.၂၀၁၉)ရက်နေ့မှ(၄.၄.၂၀၁၉)ရက်နေ့အထိကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်မှလက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားအကျိုးရှိရှိထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။ပထမဦးစွာ ခရိုင်ဦးစီးမှူးများ ၊မြို့နယ်/မြို့ဦး စီးမှူးများ၊ခြံဦးစီးမှူးများ ကတစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် မိမိ တို့ဒေသအလိုက်လုပ်ငန်းများဆောင် ရွက် နေမှုအခြေအနေများအားရှင်းလင်းတင်ပြ ကြပြီး၊ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးတင်ဦးကြိုင်က ရှမ်းပြည်နယ်အတွင်းရာသီအလိုက်သီးနှံစိုက် ပျိုးထားရှိမှု များနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တောင်ကြီးမြို့နယ်၊ညောင်စဉ်ကျေးရွာ ၊မြန်မာဆယ်မားအူးလ်အွန်ဒုံ ဥက္ကဌ ဦးခွန်ချမ်းသာက မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံ ကိန်းအောင်မြင်မှုအခြေ အနေများကိုရှင်း လင်းတင်ပြခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင်းဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်ကစိုက်ပျိုးရေးဦးစီဌာန ဝန်ထမ်းများ အနေဖြင့်မကြာမီအချိန်ကာလတွင်စိုက်ပျိုး ရာသီစတင်လာတော့မှာဖြစ်၍ စိုက်ပျိုးရာသီအစမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ကိုအခုလိုအစည်းအဝေးခေါ်ဆောင်ပြီးရှေ့လုပ် ငန်းစဉ်များဆွေးနွေးခြင်းဟာကောင်း...
တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ လုပ်ငန်းရှင်များ၊...
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း GAP နည်းစနစ်မိတ်ဆက်ပေးရန်နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်မည့် မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ သဘောတူလက်မှတ်ရေး ထိုးခြင်းကို ဇူလိုင်လ ၁၇ ရက် နံနက် ၉နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ အတွင်း ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှ စိတ်ပါဝင်စားသည့်တောင်သူများအား GAP နည်းစနစ် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပေးခြင်း နှင့် ဆောင်ရွက်လိုသည့် ကျေးရွာ ၆ ရွာ...
စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အထွက်နှုန်းတိုးတက်ရေး ၊ သီးနှံအရည် အသွေး မြင့်မားရေး သာမက “အစားအစာဘေးကင်းလုံခြုံစေရေးနှင့် အာဟာရပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ ဈေးကွက်ဝင်ဈေးကောင်းရရှိစေရေး တို့အတွက် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျောက်တွင် လိုက်နာရမည့် GAP နည်းစနစ်များ ကျင့်သုံးဆောင်ရွက် နိုင်ရေး” ၊ “သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ပြည်တွင်း ပြည်ပ ဈေးကွက်များ၏ တောင်းဆိုမှု ၊ စိုက်ပျိုးထုတ်လုပ်သူ နှင့် စားသုံးသူများ၏ စိတ်ဝင်စားမှု ရှိလာသည့် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးလာရေး” တို့အတွက် ဆောင်ရွက်ရမည့် ကျင့်စဉ်များ၊ လိုက်နာရမည့်စည်းကမ်းများရေးဆွဲအတည်ပြုပေးခြင်း၊ နည်းပညာ...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်...
အဆိပ်ကင်းစင်ပြီး ဘေးကင်းတဲ့ အစားအစာတွေ စိုက်ပျိုးထုတ်လုပ်ဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြောပါတယ်။ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံး လုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါတယ်။ “အစားအစာတွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင် GAP နဲ့ စိုက်ပျိုးတာရယ်၊ နောက်တစ်ခုက Organic (ဓာတုကင်းလွတ်စနစ်) နဲ့ စိုက်ပျိုးတာရယ် ရှိတယ်။...

RECENT POSTS