သတင်းနှင့် ပွဲများ

ယနေ့ပြင်ဦးလွင်မြို့နယ်ပြည်သူတွေ့ဟင်းသီး/ရွက်တွေကိုစားသုံးကြရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာစားသုံးနိုင်ရေး စားသုံးသူပြည်သူအများအဆိပ်အတောက်မဖြစ်စေရန်ပင်လိန်(အရှေ့) ကျေးရွာအုပ်စုရှိ ဟင်းသီး/ရွက် စိုက်ပျိုးသောတောင်သူများအား (ဟင်းသီး/ရွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP) နည်းပညာပေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး မျိုးစေ့/မြေဩဇာနဲ့ သီးနှံပိုးမွှားရောဂါကာကွယ်ရေးတာဝန်တို့ဦးဆောင်ပြီး ခရိုင်/မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများနှင့်ပူးပေါင်းလျက်နည်းပညာပေးသင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။(ပြည်သူတွေ နေ့စဉ်စားသုံးလျက်လျက်ရှိသော အသီးအနှံများ အဟာရပြည့်ဝပြီး ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာနဲ့ဘေးကင်းစွာ စားသုံးနိုင်ကြပါစေလို့)ဆုတောင်းပေးပါတယ်ခင်မျာ။
ယခုနှစ်ကို စိုက်ပျိုးရေဦးစီးဌာနအနေဖြင့် နည်းပညာ ဖွံ့ဖြိုးရေးနှစ် (Knowledge Year) အဖြစ်သတ်မှတ်ပြီး စိုက်ပျိုးရေးနည်း ပညာပြန့်ပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်တင် ဆောင်ရွက် လျှက်ရှိရာ ဒေသအလိုက်တာဝန်ယူထားကြသည့် စိုက်ပျိုး‌ရေး ပညာရှင်ဝန်ထမ်းများ နှင့် ဒေသတာဝန်ရှိသူများ၊ တောင်သူများ လက်တွဲညီပူးပေါင်းပြီး လိုက်နာဆောင်ရွက်ရမည့် နည်းပညာများဆွေးနွေးဟောပြောခြင်း၊ လက်တွေ့ သရုပ်ပြရှင်းလင်းခြင်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ...
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကန့် ဘလူ ခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ သရက်ခြံ ၁၈ ခြံသို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင် ရေး ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တင်မာမာဦးထံမှ သိရသည်။ ''GAP စနစ်နဲ့စိုက်ထားတဲ့ခြံတွေ မှာ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေ အဓိကစစ်တာက မြေကိုဓာတ်ခွဲ စစ်ဆေး ထားသလား၊ ရေကိုဓာတ်ခွဲစစ်ဆေးထား သလား၊ သီးနှံတွေမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေက မြန်မာနိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံ...
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြေအသုံးချ၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး နည်းပညာပေးသင်တန်း ၊ GAP စနစ် နှင့် Organic နည်းပညာဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပညာပေးသင်တန်းအား တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်း ခန်းမ တွင် (၂၁.၈.၂၀၁၈) မှ (၂၆.၈.၂၀၁၈) ရက်နေ့အထိ (၆) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ၊ သင်တန်းသား (၅၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ပထမနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး...
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ဦးဆောင်သည့် မြန်မာ GAP အကောင်အထည်ဖေါ်ရေးနည်းပညာပေးအဖွဲ့သည် ဇွန်လ(၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းကျေးရွာ၌ တောင်သူ(၇၀)ဦးနှင့် ဖါးဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာတွင် တောင်သူ(၁၂၇)ဦးတို့အား သင်တန်းပို့ချခဲ့သည်။နည်းပညာပေးအဖွဲ့သည် ဘောလခဲမြို့နယ်၊ မိုင်းထမ်းအုပ်စု၊ ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်GAP စနစ်ဖြင့်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှမ်းစံပြကွက်များနှင့် နှမ်းသုတေသနစမ်းသပ်ကွက်များကိုလည်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြသည်။ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် နှမ်းများကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်းများ မျိုးစေ့ထုတ်စိုက်ကွင်းများ သို့ရောက်ရှိပြီး သက်ဆိုင်ရာ ကွင်းဝန်ထမ်းများ ဒေသနေတောင်သူများအား တွေ့ဆုံ၍ GAP စနစ်လိုက်နာကျင့်သုံးရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ဈေးကွက်သေချာသည့် သီးနှံပုံစံ ချမှတ်ဆောင်ရွက်နိုင်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(၈.၅.၂၀၁၉)နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကျင်းပခဲ့ရာ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ပါသည်။ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ဌာန၏အဓိက တာဝန်ကြီး(၃)ရပ် ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး တာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး၊...
ကရင်ပြည်နယ်အတွင်းက တောင်သူတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဟာ ဘေးအန္တရာယ်ကင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အဆင့်မြင့်နည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရန်ကုန်မှာ အဆင့်မြင့် ခေတ်မီစီးပွားဖြစ် ဟင်းသီးဟင်းရွက်ပြပွဲကို သွားရောက် လေ့လာနေပါတယ်။ကရင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးဝန်ထမ်းတွေ၊ တောင်သူလယ်သမားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တောင်သူ စုစုပေါင်း ၂၆၀ ကျော်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနဲ့ ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) မှာ ပြုလုပ်တဲ့ အဆင့်မြင့် ခေတ်မီ စီးပွားဖြစ်...
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း(၃၀)ဧက၊ မျိုးစေ့ ထုတ်လုပ်သူများအသင်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက၊ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ(အောက်မြက်လှဲ)(၃၁၈)ဧက၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း(၅) ဧက၊ တိုက်ရိုက်မျိုးစေ့ချ (Seeder)စံပြစိုက်ခင်း (၆၀)ဧက၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စံပြစိုက်ခင်း(၅)ဧက၊ စိုက်စနစ်(၄)မျိုးစမ်းသပ်ကွက် (၂)ဧက၊ ဘောင်ပျိုးစနစ်စံပြစိုက်ခင်း(၂၀)ဧက၊ မိုးစပါး မျိုးသန့်အထူးဇုန်(၁၀၀)ဧကနှင့် စပါးအခြေခံ သီးနှံပုံစံ စံပြကွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ သည် စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီ ဟုပင် တင်စားရလောက်သည့် မိုင်းယောင်းမြို့နယ်သည် စပါးသီးနှံ အထွက်ကောင်းရုံမကဘဲ အခြား ငှက်ပျော ၊ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထွက်ရှိပြီး ၊ယခုနှစ် မိုးစပါး(၂၈၂၄၆)ဧက၊ ငှက်ပျော (၁၃၆၂)ဧက ၊ရော်ဘာ (၁၇၂၀၅) ဧက ၊ကော်ဖီ (၂၅)ဧက ၊ အခြားဟင်းသီးဟင်းရွက် (၂၄၆၄)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ တင်ပို့ရောင်းချရသည်အထိ အရည်အသွေးကောင်း ဈေးကွက်ဝင်သီးနှံများလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ယင်းသို့စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလျက် ဆောင်ရွက်နေကြသည့် မိုင်းယု ဒေသရှိစိုက်ခင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP )နှင့်အညီ အစားအစာများ အန္တရာယ်ကင်းရှင်းစေရေး ၊...

RECENT POSTS