ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးမျိုးခန့်၊ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုင်းသန်းအောင်နှင့်ဦးအောင်ကြည်ဝင်းတို့လိုက်ပါလျှက်ဇွန်လ(၂၆)ရက်နေ့ကဘောလခဲခရိုင်သို့ကွင်းဆင်းသွားရောက်ပြီးဘောလခဲမြို့နယ်၊မိုင်းထမ်းကျေးရွာအုပ်စု၊ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်ဆောင်ရွက်လျှက်ရှိသောနှမ်းGAP စိုက်ခင်းများစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့်သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာတို့၏နှမ်းသီးနှံအထွက်နှုန်းနှင့်အရည်အသွေးအပေါ်အကျိုးသက်ရောက်မှုစမ်းသပ်ကွက်နှင့်နှမ်းသီးနှံအထူးပြုဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဘောလခဲခရိုင် ဦးစီးမှူးရုံးတွင် ဘောလခဲခရိုင်မှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊မြေ၊မျိုး၊ပိုးတာဝန်ခံများ ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ သီးနှံအလိုက် GAP စနစ်လိုက်နာကျင့်သုံးရေး ၊ နှမ်း GAPဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်အားကုန်ကျမှုသက် သာ၍တစ်ဧက အကျိုးအမြတ်ပိုမိုရရှိစေမည့် နှမ်းသီးနှံ စိုက်ပျိုးပြုစုနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေး နှင့် ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာရဲတင့်ထွန်း နှင့် ဥယျာဉ်-ဇီဝဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးတာဝန်ရှိသူများသည် မတ်လ ၇ ရက် နေ့လယ်ပိုင်းက ၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ပုန်းအင်းဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာသို့ရောက်ရှိကြပြီး တောင်သူများစိုက်ပျိုးထားရှိသည့် အာလူး (၁၁၉)ဧက နှင့်ကြက်သွန်ဖြူ(၃)ဧက စံပြစိုက်ခင်းများ ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) Guidelineနှင့်အညီ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဒေသနေတောင်သူများ၊ ကွင်းဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသောစိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများဖူလုံစွာစားသုံးနိုင်ရေး၊ ပိုလျှံသည်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် ဈေးကွက်ဝင်မျက်နှာပန်းလှစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် လိုက်နာရမည့် နည်းစနစ် စံနှုန်းများ တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းနှင့်...
အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေး အသိအမြင် ကြွယ်ဝလာသော စားသုံးသူများ၏ တောင်းဆိုမှု ၊ အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်လိုသော လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း တွင် အော်ဂဲနစ် စိုက်ခင်းများ၊ အော်ဂဲနစ်ထုတ်ကုန်များ ထွက်ပေါ်လာလျက်ရှိရာ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျ ဖွံ့ဖြိုးလာစေရေး နှင့် အော်ဂဲနစ်နှင့်ပတ်သတ်သည်‌့ စံချိန်စံညွှန်းများအား တိကျစွာ လိုက်နာကျင့်သုံး နိုင်ရေး တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန က စံချိန်စံညွှန်းများရေးဆွဲပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံ...
မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ကွင်းရှိ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက်မှ စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် ဧက (၁၀၀) စိုက်ခင်းကို GAP Certificate ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူ း ဦးဇော်လင်း ဦးဆောင်သောပညာရှင်အဖွဲ့သည် စက်တင်ဘာလ ၃၀ရက်နေ့က ပထမအကြိမ် ကွင်းဆင်းစစ်ဆေးကြသည် ။ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက် စိုက်ခင်းတွင် မုန်ညင်းဖြူ ၊ မုန်ညင်း စိမ်း ၊ ကိုက်လန် ၊ ယုဆိုင် ၊ ကန်စွန်းရွက် ၊ ဟင်းနုနွယ် ၊ ဆလပ်ရွက်...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီ ဟုပင် တင်စားရလောက်သည့် မိုင်းယောင်းမြို့နယ်သည် စပါးသီးနှံ အထွက်ကောင်းရုံမကဘဲ အခြား ငှက်ပျော ၊ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထွက်ရှိပြီး ၊ယခုနှစ် မိုးစပါး(၂၈၂၄၆)ဧက၊ ငှက်ပျော (၁၃၆၂)ဧက ၊ရော်ဘာ (၁၇၂၀၅) ဧက ၊ကော်ဖီ (၂၅)ဧက ၊ အခြားဟင်းသီးဟင်းရွက် (၂၄၆၄)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ တင်ပို့ရောင်းချရသည်အထိ အရည်အသွေးကောင်း ဈေးကွက်ဝင်သီးနှံများလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ယင်းသို့စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလျက် ဆောင်ရွက်နေကြသည့် မိုင်းယု ဒေသရှိစိုက်ခင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP )နှင့်အညီ အစားအစာများ အန္တရာယ်ကင်းရှင်းစေရေး ၊...

RECENT POSTS