စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်းများ မျိုးစေ့ထုတ်စိုက်ကွင်းများ သို့ရောက်ရှိပြီး သက်ဆိုင်ရာ ကွင်းဝန်ထမ်းများ ဒေသနေတောင်သူများအား တွေ့ဆုံ၍ GAP စနစ်လိုက်နာကျင့်သုံးရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ဈေးကွက်သေချာသည့် သီးနှံပုံစံ ချမှတ်ဆောင်ရွက်နိုင်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိပ်ကင်းစင်ပြီး ဘေးကင်းတဲ့ အစားအစာတွေ စိုက်ပျိုးထုတ်လုပ်ဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြောပါတယ်။ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံး လုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါတယ်။ “အစားအစာတွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင် GAP နဲ့ စိုက်ပျိုးတာရယ်၊ နောက်တစ်ခုက Organic (ဓာတုကင်းလွတ်စနစ်) နဲ့ စိုက်ပျိုးတာရယ် ရှိတယ်။...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်...
စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အထွက်နှုန်းတိုးတက်ရေး ၊ သီးနှံအရည် အသွေး မြင့်မားရေး သာမက “အစားအစာဘေးကင်းလုံခြုံစေရေးနှင့် အာဟာရပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ ဈေးကွက်ဝင်ဈေးကောင်းရရှိစေရေး တို့အတွက် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျောက်တွင် လိုက်နာရမည့် GAP နည်းစနစ်များ ကျင့်သုံးဆောင်ရွက် နိုင်ရေး” ၊ “သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ပြည်တွင်း ပြည်ပ ဈေးကွက်များ၏ တောင်းဆိုမှု ၊ စိုက်ပျိုးထုတ်လုပ်သူ နှင့် စားသုံးသူများ၏ စိတ်ဝင်စားမှု ရှိလာသည့် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးလာရေး” တို့အတွက် ဆောင်ရွက်ရမည့် ကျင့်စဉ်များ၊ လိုက်နာရမည့်စည်းကမ်းများရေးဆွဲအတည်ပြုပေးခြင်း၊ နည်းပညာ...
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း GAP နည်းစနစ်မိတ်ဆက်ပေးရန်နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်မည့် မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ သဘောတူလက်မှတ်ရေး ထိုးခြင်းကို ဇူလိုင်လ ၁၇ ရက် နံနက် ၉နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ အတွင်း ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှ စိတ်ပါဝင်စားသည့်တောင်သူများအား GAP နည်းစနစ် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပေးခြင်း နှင့် ဆောင်ရွက်လိုသည့် ကျေးရွာ ၆ ရွာ...
စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာရဲတင့်ထွန်း နှင့် ဥယျာဉ်-ဇီဝဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးတာဝန်ရှိသူများသည် မတ်လ ၇ ရက် နေ့လယ်ပိုင်းက ၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ပုန်းအင်းဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာသို့ရောက်ရှိကြပြီး တောင်သူများစိုက်ပျိုးထားရှိသည့် အာလူး (၁၁၉)ဧက နှင့်ကြက်သွန်ဖြူ(၃)ဧက စံပြစိုက်ခင်းများ ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) Guidelineနှင့်အညီ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဒေသနေတောင်သူများ၊ ကွင်းဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသောစိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများဖူလုံစွာစားသုံးနိုင်ရေး၊ ပိုလျှံသည်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် ဈေးကွက်ဝင်မျက်နှာပန်းလှစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် လိုက်နာရမည့် နည်းစနစ် စံနှုန်းများ တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းနှင့်...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီ ဟုပင် တင်စားရလောက်သည့် မိုင်းယောင်းမြို့နယ်သည် စပါးသီးနှံ အထွက်ကောင်းရုံမကဘဲ အခြား ငှက်ပျော ၊ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထွက်ရှိပြီး ၊ယခုနှစ် မိုးစပါး(၂၈၂၄၆)ဧက၊ ငှက်ပျော (၁၃၆၂)ဧက ၊ရော်ဘာ (၁၇၂၀၅) ဧက ၊ကော်ဖီ (၂၅)ဧက ၊ အခြားဟင်းသီးဟင်းရွက် (၂၄၆၄)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ပြည်တွင်းဈေးကွက်သာမက ပြည်ပအထိ တင်ပို့ရောင်းချရသည်အထိ အရည်အသွေးကောင်း ဈေးကွက်ဝင်သီးနှံများလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ယင်းသို့စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလျက် ဆောင်ရွက်နေကြသည့် မိုင်းယု ဒေသရှိစိုက်ခင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP )နှင့်အညီ အစားအစာများ အန္တရာယ်ကင်းရှင်းစေရေး ၊...
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း(၃၀)ဧက၊ မျိုးစေ့ ထုတ်လုပ်သူများအသင်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက၊ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ(အောက်မြက်လှဲ)(၃၁၈)ဧက၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း(၅) ဧက၊ တိုက်ရိုက်မျိုးစေ့ချ (Seeder)စံပြစိုက်ခင်း (၆၀)ဧက၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စံပြစိုက်ခင်း(၅)ဧက၊ စိုက်စနစ်(၄)မျိုးစမ်းသပ်ကွက် (၂)ဧက၊ ဘောင်ပျိုးစနစ်စံပြစိုက်ခင်း(၂၀)ဧက၊ မိုးစပါး မျိုးသန့်အထူးဇုန်(၁၀၀)ဧကနှင့် စပါးအခြေခံ သီးနှံပုံစံ စံပြကွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ သည် စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊...
ကရင်ပြည်နယ်အတွင်းက တောင်သူတွေနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဟာ ဘေးအန္တရာယ်ကင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အဆင့်မြင့်နည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရန်ကုန်မှာ အဆင့်မြင့် ခေတ်မီစီးပွားဖြစ် ဟင်းသီးဟင်းရွက်ပြပွဲကို သွားရောက် လေ့လာနေပါတယ်။ကရင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးဝန်ထမ်းတွေ၊ တောင်သူလယ်သမားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တောင်သူ စုစုပေါင်း ၂၆၀ ကျော်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနဲ့ ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) မှာ ပြုလုပ်တဲ့ အဆင့်မြင့် ခေတ်မီ စီးပွားဖြစ်...
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကန့် ဘလူ ခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ သရက်ခြံ ၁၈ ခြံသို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင် ရေး ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တင်မာမာဦးထံမှ သိရသည်။ ''GAP စနစ်နဲ့စိုက်ထားတဲ့ခြံတွေ မှာ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေ အဓိကစစ်တာက မြေကိုဓာတ်ခွဲ စစ်ဆေး ထားသလား၊ ရေကိုဓာတ်ခွဲစစ်ဆေးထား သလား၊ သီးနှံတွေမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေက မြန်မာနိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံ...

RECENT POSTS