အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေး အသိအမြင် ကြွယ်ဝလာသော စားသုံးသူများ၏ တောင်းဆိုမှု ၊ အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်လိုသော လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း တွင် အော်ဂဲနစ် စိုက်ခင်းများ၊ အော်ဂဲနစ်ထုတ်ကုန်များ ထွက်ပေါ်လာလျက်ရှိရာ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျ ဖွံ့ဖြိုးလာစေရေး နှင့် အော်ဂဲနစ်နှင့်ပတ်သတ်သည်‌့ စံချိန်စံညွှန်းများအား တိကျစွာ လိုက်နာကျင့်သုံး နိုင်ရေး တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန က စံချိန်စံညွှန်းများရေးဆွဲပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံ...
မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ကွင်းရှိ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက်မှ စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် ဧက (၁၀၀) စိုက်ခင်းကို GAP Certificate ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူ း ဦးဇော်လင်း ဦးဆောင်သောပညာရှင်အဖွဲ့သည် စက်တင်ဘာလ ၃၀ရက်နေ့က ပထမအကြိမ် ကွင်းဆင်းစစ်ဆေးကြသည် ။ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက် စိုက်ခင်းတွင် မုန်ညင်းဖြူ ၊ မုန်ညင်း စိမ်း ၊ ကိုက်လန် ၊ ယုဆိုင် ၊ ကန်စွန်းရွက် ၊ ဟင်းနုနွယ် ၊ ဆလပ်ရွက်...
မြန်မာ့ပဲတီစိမ်း GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ်-တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊...
ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးမျိုးခန့်၊ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုင်းသန်းအောင်နှင့်ဦးအောင်ကြည်ဝင်းတို့လိုက်ပါလျှက်ဇွန်လ(၂၆)ရက်နေ့ကဘောလခဲခရိုင်သို့ကွင်းဆင်းသွားရောက်ပြီးဘောလခဲမြို့နယ်၊မိုင်းထမ်းကျေးရွာအုပ်စု၊ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်ဆောင်ရွက်လျှက်ရှိသောနှမ်းGAP စိုက်ခင်းများစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့်သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာတို့၏နှမ်းသီးနှံအထွက်နှုန်းနှင့်အရည်အသွေးအပေါ်အကျိုးသက်ရောက်မှုစမ်းသပ်ကွက်နှင့်နှမ်းသီးနှံအထူးပြုဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဘောလခဲခရိုင် ဦးစီးမှူးရုံးတွင် ဘောလခဲခရိုင်မှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊မြေ၊မျိုး၊ပိုးတာဝန်ခံများ ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ သီးနှံအလိုက် GAP စနစ်လိုက်နာကျင့်သုံးရေး ၊ နှမ်း GAPဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်အားကုန်ကျမှုသက် သာ၍တစ်ဧက အကျိုးအမြတ်ပိုမိုရရှိစေမည့် နှမ်းသီးနှံ စိုက်ပျိုးပြုစုနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေး နှင့် ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အရည်အသွေးကောင်း သီးနှံများစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝင် ဈေးကောင်းရပြီး တောင်သူများ၏ ဝင်ငွေတိုးတက်ရရှိစေရန် ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရ ပြည့်ဝသော သီးနှံများစားသုံးရခြင်းဖြင့် လူတိုင်း ကျန်းမာပျော်ရွှင်စွာ သက်တန်းစေ့ နေထိုင်နိုင်ရေးကို အထောက်အကူပြုရန် တို့ကိုရည်ရွယ်၍ ဂျီအေပီစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစေရန် စံပြစိုက်ကွင်းများထူထောင်ပြသ နည်းပညာပေး ဆောင်ရွက်နေသကဲ့သို့ ဂျီအေပီစိုက်ခင်းထူထောင် လုပ်ကိုင်လိုသော တောင်သူများ၏ စိုက်ပျိုးစရိတ် နှင့် နည်းပညာအကူအညီ ပေးနိုင်ရေးကိုပါ စီမံ ဆောင်ရွက်လျက်ရှိရာ တောင်သူများ လက်တွေ့အသုံးချနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ နည်းပညာ စာအုပ်စာတမ်း စာစောင်များ...

RECENT POSTS