မေးခွန်းများ

GAP Protocol ရေးဆွဲထားသော သီးနှံ (၁၅) မျိုး၏ အမည်ကို သိချင်ပါသည်။

GAP Protocol ရေးဆွဲထားသော သီးနှံ (၁၅) မျိုး၏ အမည်မှာ သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်၊ မြေပဲ၊ နှမ်း၊ ပြောင်း (အစေ့ထုတ်)၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း)၊ စပါး၊...

GAP ဟင်းသီးဟင်းရွက်စိုက်မယ်။ ရေမြေနှင့်ပတ်သက်ပြီး ဘယ်ကစရမှာလဲ။ ဘယ်အဆင့်မှာ လုပ်ရမှာလဲ။ GAP လျောက်ချင်လို့ ဘယ်လိုလုပ်ရမလဲ။

GAPလျောက်ချင်လျင် အရင်ဆုံး စိုက်ပျိုးမည့် မြေကြီး၊ ရေတို့ကို နမူနာယူ၍ ဓာတ်ခွဲ စမ်းသပ်ရပါမည်။ Heavy Metal ကင်းပြီး  safe ဖြစ်မှ လျောက်လို့ ရပါမည်၊ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် မိမိလျှောက်ထားလိုသည့် သီးနှံများအလိုက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး မြေဆီလွှာနှင့် ရေ...

စပျစ်ခြံ ကို GAP နည်းစနစ်နှင့် စိုက်ပျိုး ချင်လို့ပါခင်ဗျား။

စပျစ်ကို GAP နည်းစနစ်နှင့် စိုက်ပျိုးလို့ရပါတယ်။ စပျစ်ကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးချင်လျှင် လိုက်နာရမည့် Protocol (၁၆) ချက် ရှိပါသည်။ GAP လျောက်လိုလျှင် မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ဆက်သွယ် လျောက်ထား နိုင်ပါသည်။

မြန်မာ ဂျီအေပီ ဆိုတာဘာကိုခေါ်ပါသလဲ။

မြန်မာ ဂျီအေပီ သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်နှင့် လုပ်သားများ၏ ကျန်းမာရေးနှင့်လူမှုဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစားဆောင်ရွက်သော စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ် ဖြစ်ပါသည်။

စိန်တလုံး သရက်ခြံများအတွက် GAP နှင့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ရရှိလိုပါသည်။ ဆက်သွယ်ရမည့် ဌာန၊ ဖုန်း နံပါတ်၊ လိပ်စာ သိချင်ပါသည်။

ဂျီအေပီ အသိအမှတ်ပြုလက်မှတ် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးရုံးများသို့ ဆက်သွယ်၍လည်းကောင်း၊ GAP website မှတိုက်ရိုက်သော်လည်းကောင်း Download ရယူ၍လည်းကောင်း လျှောက်ထား နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၅၅၅ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။