မေးခွန်းများ

GAP ကို ဘယ်ခုနှစ်မှာ စတင်ခဲ့တာလဲ။ စပါး၊ ပဲတီစိမ်း GAP စတင်သောနှစ် သိချင် ပါသည်။ သရက် ဘယ်ခုနှစ်က GAP လက်မှတ်ရသလဲ။

GAP ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံတိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြဌာန်းပြီး ဖြစ်ရမည်သကဲ့သို့ အာဆီယံဘုံ ပြဌာန်းချက်များလည်း ပြဌာန်းကြမည် ဖြစ်ပါသည်။ စပါး၊ ပဲတီစိမ်း GAP အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၈ခုနှစ်နှင့် သရက်သီးနှံကို ၂၀၁၇ တွင် စတင် ထုတ်ပေးပါသည်။

GAP Protocol ရေးဆွဲထားသော သီးနှံ (၁၅) မျိုး၏ အမည်ကို သိချင်ပါသည်။

GAP Protocol ရေးဆွဲထားသော သီးနှံ (၁၅) မျိုး၏ အမည်မှာ သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်၊ မြေပဲ၊ နှမ်း၊ ပြောင်း (အစေ့ထုတ်)၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း)၊ စပါး၊...

မြန်မာ ဂျီအေပီ ဆိုတာဘာကိုခေါ်ပါသလဲ။

မြန်မာ ဂျီအေပီ သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်နှင့် လုပ်သားများ၏ ကျန်းမာရေးနှင့်လူမှုဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစားဆောင်ရွက်သော စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ် ဖြစ်ပါသည်။

စပျစ်ခြံ ကို GAP နည်းစနစ်နှင့် စိုက်ပျိုး ချင်လို့ပါခင်ဗျား။

စပျစ်ကို GAP နည်းစနစ်နှင့် စိုက်ပျိုးလို့ရပါတယ်။ စပျစ်ကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးချင်လျှင် လိုက်နာရမည့် Protocol (၁၆) ချက် ရှိပါသည်။ GAP လျောက်လိုလျှင် မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ဆက်သွယ် လျောက်ထား နိုင်ပါသည်။

GAP စိုက်ပျိုးနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော သီးနှံများ နှင့် ၎င်းသီးနှံများ ရရှိနိုင်သော နေရာအား သိချင်ပါသည်။ GAP သီးနှံများ ဝယ်ယူ၍ ပြည်တွင်း စျေးကွက်တွင်...

GAP Certificate ရရှိထားသော မိတ္ထီလာခြံမှ သရက်၊ နဂါးမောက် သီးနှံများ ရရှိနိုင်ကြောင်း၊ အခြား ဟင်းသီးဟင်းရွက် သီးနှံများ လိုချင်ပါက GAP Certificate ရရှိပြီးသောစိုက်ပျိုးထုတ်လုပ်သူများနှင့် ဆက်သွယ် ဝယ်ယူနိုင် ပါသည်။