What is Myanmar GAP
မြန်မာ ဂျီအေပီ သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်နှင့် လုပ်သားများ၏ ကျန်းမာရေးနှင့်လူမှုဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစားဆောင်ရွက်သော စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ် ဖြစ်ပါသည်။
GAP started
GAP ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံတိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြဌာန်းပြီး ဖြစ်ရမည်သကဲ့သို့ အာဆီယံဘုံ ပြဌာန်းချက်များလည်း ပြဌာန်းကြမည် ဖြစ်ပါသည်။ စပါး၊ ပဲတီစိမ်း GAP အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၈ခုနှစ်နှင့် သရက်သီးနှံကို ၂၀၁၇ တွင် စတင် ထုတ်ပေးပါသည်။
GAP Protocol have the name of the crop (15)
GAP Protocol ရေးဆွဲထားသော သီးနှံ (၁၅) မျိုး၏ အမည်မှာ သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်၊ မြေပဲ၊ နှမ်း၊ ပြောင်း (အစေ့ထုတ်)၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း)၊ စပါး၊...
Vineyards planted with GAP method
စပျစ်ကို GAP နည်းစနစ်နှင့် စိုက်ပျိုးလို့ရပါတယ်။ စပျစ်ကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးချင်လျှင် လိုက်နာရမည့် Protocol (၁၆) ချက် ရှိပါသည်။ GAP လျောက်လိုလျှင် မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ဆက်သွယ် လျောက်ထား နိုင်ပါသည်။
Contact center, phone number
ဂျီအေပီ အသိအမှတ်ပြုလက်မှတ် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးရုံးများသို့ ဆက်သွယ်၍လည်းကောင်း၊ GAP website မှတိုက်ရိုက်သော်လည်းကောင်း Download ရယူ၍လည်းကောင်း လျှောက်ထား နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၅၅၅ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။