သတင်းနှင့် ပွဲများ

ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်အစည်းအဝေးခန်းမ၌နံနက်(၉း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ပြည်နယ်ညွှန်ကြာရေးမှူးဦးမျိုးခန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းတွင်ဒုတိယပြည်နယ်ဦးစီးမှူးဦးအောင်ကြည်ဝင်း၊လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးကျော်ကျော်၊ပြည်နယ်/ခရိုင် မြေ၊မျိုးပိုး၊တာဝန်ခံများမြို့နယ်ဦးစီးမှူးများ၊ဝန်ထမ်း နှင့်တောင်သူများစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန ဒေါက်တာဝဏ္ဏထွန်းမှ GAP Guideline (၁၆)ချက်နှင့်အညီ သီးနှံများစတင်စိုက်ပျိုးချိန်မှ စာသုံးသူလက်ဝယ်ရောက်သည်အထိ ၁။ အစားအစာအန္တရာယ်ကင်းရှင်းရေး၂။ သီးနှံများ၏အရည်အသွေး ၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၄။ လုပ်သားများကျန်းမာရေး၊ ဘေအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ (၄)ခုအားအသေးစိတ် ပြောကြားပြီး နောင်တစ်ချိန်တွင် GAPသီးနှံများ ရရှိအောင် စိုက်ပျိုးဆောင်ရွက်ပါက နိုင်ငံတကာဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း GAPလျှောက်ထားရာတွင်လိုအပ်သည့်အချက်အလက်များပြောကြားပြီး ကယားပြည်နယ်...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်...
မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ကွင်းရှိ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက်မှ စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် ဧက (၁၀၀) စိုက်ခင်းကို GAP Certificate ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူ း ဦးဇော်လင်း ဦးဆောင်သောပညာရှင်အဖွဲ့သည် စက်တင်ဘာလ ၃၀ရက်နေ့က ပထမအကြိမ် ကွင်းဆင်းစစ်ဆေးကြသည် ။ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက် စိုက်ခင်းတွင် မုန်ညင်းဖြူ ၊ မုန်ညင်း စိမ်း ၊ ကိုက်လန် ၊ ယုဆိုင် ၊ ကန်စွန်းရွက် ၊ ဟင်းနုနွယ် ၊ ဆလပ်ရွက်...
(၈.၅.၂၀၁၉)နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကျင်းပခဲ့ရာ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ပါသည်။ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ဌာန၏အဓိက တာဝန်ကြီး(၃)ရပ် ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး တာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး၊...
မြန်မာ့ပဲတီစိမ်း GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ်-တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊...
စိုက်ပျိုးရေးဦးစီးဌာနသည် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသောအစားအစာထုတ်လုပ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် ၊ ပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုဘဝမြင့်မားစေရေးအထောက်အကူပြုနိုင်ရန်တို့ ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ( မြန်မာ GAP )ကို ရေးဆွဲခဲ့ပြီး သတ်မှတ် GAP စံနှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်သော ထွက်ရှိသီးနှံများအား ဈေးကွက်တင်ပို့ချိန်အမီ GAP ထောက်ခံချက်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ နိုင်ငံပိုင်ကော်ဖီခြံနှင့် ပုဂ္ဂလိကခြံများအား ကော်ဖီသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်း GAP(Good Agricultural...
မကြာမီ မိုးသီးနှံများဆွတ်ခူးရိတ်သိမ်းတော့မည်ဖြစ်သကဲ့သို့ ဆောင်းသီးနှံများလည်း စိုက်ပျိုးတော့မည်ဖြစ်ရာ တောင်သူများသိသင့်သိထိုက်သည့် စိုက်ပျိုးနည်းပညာဗဟုသုတများ ဟောပြောဆွေးနွေးခြင်းကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ရာ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်းများကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် က လည်းကောင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များအကြောင်းကို ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့် ကလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရန် လိုအပ်ပုံနှင့် GAP တစ်ချက်ချင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းကို...
စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုးရေးရှင်း (IFC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ် တောင်သူထံမှဈေးကွက်ဆီသို့ GAP ပွဲတော်နှင့် အလုပ်ရုံဆွေးနွေးပွဲကို မေ ၃ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က အင်းလေးဒေသတွင် GAP စနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တောင်သူ ၅၄ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈...
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း(၃၀)ဧက၊ မျိုးစေ့ ထုတ်လုပ်သူများအသင်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက၊ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ(အောက်မြက်လှဲ)(၃၁၈)ဧက၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း(၅) ဧက၊ တိုက်ရိုက်မျိုးစေ့ချ (Seeder)စံပြစိုက်ခင်း (၆၀)ဧက၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စံပြစိုက်ခင်း(၅)ဧက၊ စိုက်စနစ်(၄)မျိုးစမ်းသပ်ကွက် (၂)ဧက၊ ဘောင်ပျိုးစနစ်စံပြစိုက်ခင်း(၂၀)ဧက၊ မိုးစပါး မျိုးသန့်အထူးဇုန်(၁၀၀)ဧကနှင့် စပါးအခြေခံ သီးနှံပုံစံ စံပြကွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ သည် စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊...

RECENT POSTS