သတင်းနှင့် ပွဲများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်...
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း(၃၀)ဧက၊ မျိုးစေ့ ထုတ်လုပ်သူများအသင်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက၊ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ(အောက်မြက်လှဲ)(၃၁၈)ဧက၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)စံပြစိုက်ခင်း(၅) ဧက၊ တိုက်ရိုက်မျိုးစေ့ချ (Seeder)စံပြစိုက်ခင်း (၆၀)ဧက၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စံပြစိုက်ခင်း(၅)ဧက၊ စိုက်စနစ်(၄)မျိုးစမ်းသပ်ကွက် (၂)ဧက၊ ဘောင်ပျိုးစနစ်စံပြစိုက်ခင်း(၂၀)ဧက၊ မိုးစပါး မျိုးသန့်အထူးဇုန်(၁၀၀)ဧကနှင့် စပါးအခြေခံ သီးနှံပုံစံ စံပြကွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ သည် စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊...
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း GAP နည်းစနစ်မိတ်ဆက်ပေးရန်နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်မည့် မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ သဘောတူလက်မှတ်ရေး ထိုးခြင်းကို ဇူလိုင်လ ၁၇ ရက် နံနက် ၉နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ အတွင်း ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှ စိတ်ပါဝင်စားသည့်တောင်သူများအား GAP နည်းစနစ် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပေးခြင်း နှင့် ဆောင်ရွက်လိုသည့် ကျေးရွာ ၆ ရွာ...
ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးမျိုးခန့်၊ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုင်းသန်းအောင်နှင့်ဦးအောင်ကြည်ဝင်းတို့လိုက်ပါလျှက်ဇွန်လ(၂၆)ရက်နေ့ကဘောလခဲခရိုင်သို့ကွင်းဆင်းသွားရောက်ပြီးဘောလခဲမြို့နယ်၊မိုင်းထမ်းကျေးရွာအုပ်စု၊ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်ဆောင်ရွက်လျှက်ရှိသောနှမ်းGAP စိုက်ခင်းများစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့်သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာတို့၏နှမ်းသီးနှံအထွက်နှုန်းနှင့်အရည်အသွေးအပေါ်အကျိုးသက်ရောက်မှုစမ်းသပ်ကွက်နှင့်နှမ်းသီးနှံအထူးပြုဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဘောလခဲခရိုင် ဦးစီးမှူးရုံးတွင် ဘောလခဲခရိုင်မှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊မြေ၊မျိုး၊ပိုးတာဝန်ခံများ ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ သီးနှံအလိုက် GAP စနစ်လိုက်နာကျင့်သုံးရေး ၊ နှမ်း GAPဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်အားကုန်ကျမှုသက် သာ၍တစ်ဧက အကျိုးအမြတ်ပိုမိုရရှိစေမည့် နှမ်းသီးနှံ စိုက်ပျိုးပြုစုနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေး နှင့် ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိပ်ကင်းစင်ပြီး ဘေးကင်းတဲ့ အစားအစာတွေ စိုက်ပျိုးထုတ်လုပ်ဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြောပါတယ်။ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံး လုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါတယ်။ “အစားအစာတွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင် GAP နဲ့ စိုက်ပျိုးတာရယ်၊ နောက်တစ်ခုက Organic (ဓာတုကင်းလွတ်စနစ်) နဲ့ စိုက်ပျိုးတာရယ် ရှိတယ်။...
ယနေ့ပြင်ဦးလွင်မြို့နယ်ပြည်သူတွေ့ဟင်းသီး/ရွက်တွေကိုစားသုံးကြရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာစားသုံးနိုင်ရေး စားသုံးသူပြည်သူအများအဆိပ်အတောက်မဖြစ်စေရန်ပင်လိန်(အရှေ့) ကျေးရွာအုပ်စုရှိ ဟင်းသီး/ရွက် စိုက်ပျိုးသောတောင်သူများအား (ဟင်းသီး/ရွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP) နည်းပညာပေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး မျိုးစေ့/မြေဩဇာနဲ့ သီးနှံပိုးမွှားရောဂါကာကွယ်ရေးတာဝန်တို့ဦးဆောင်ပြီး ခရိုင်/မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများနှင့်ပူးပေါင်းလျက်နည်းပညာပေးသင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။(ပြည်သူတွေ နေ့စဉ်စားသုံးလျက်လျက်ရှိသော အသီးအနှံများ အဟာရပြည့်ဝပြီး ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာနဲ့ဘေးကင်းစွာ စားသုံးနိုင်ကြပါစေလို့)ဆုတောင်းပေးပါတယ်ခင်မျာ။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်းများ မျိုးစေ့ထုတ်စိုက်ကွင်းများ သို့ရောက်ရှိပြီး သက်ဆိုင်ရာ ကွင်းဝန်ထမ်းများ ဒေသနေတောင်သူများအား တွေ့ဆုံ၍ GAP စနစ်လိုက်နာကျင့်သုံးရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ဈေးကွက်သေချာသည့် သီးနှံပုံစံ ချမှတ်ဆောင်ရွက်နိုင်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ဦးဆောင်သည့် မြန်မာ GAP အကောင်အထည်ဖေါ်ရေးနည်းပညာပေးအဖွဲ့သည် ဇွန်လ(၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းကျေးရွာ၌ တောင်သူ(၇၀)ဦးနှင့် ဖါးဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာတွင် တောင်သူ(၁၂၇)ဦးတို့အား သင်တန်းပို့ချခဲ့သည်။နည်းပညာပေးအဖွဲ့သည် ဘောလခဲမြို့နယ်၊ မိုင်းထမ်းအုပ်စု၊ ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်GAP စနစ်ဖြင့်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှမ်းစံပြကွက်များနှင့် နှမ်းသုတေသနစမ်းသပ်ကွက်များကိုလည်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြသည်။ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် နှမ်းများကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အရည်အသွေးကောင်း သီးနှံများစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝင် ဈေးကောင်းရပြီး တောင်သူများ၏ ဝင်ငွေတိုးတက်ရရှိစေရန် ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အဟာရ ပြည့်ဝသော သီးနှံများစားသုံးရခြင်းဖြင့် လူတိုင်း ကျန်းမာပျော်ရွှင်စွာ သက်တန်းစေ့ နေထိုင်နိုင်ရေးကို အထောက်အကူပြုရန် တို့ကိုရည်ရွယ်၍ ဂျီအေပီစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစေရန် စံပြစိုက်ကွင်းများထူထောင်ပြသ နည်းပညာပေး ဆောင်ရွက်နေသကဲ့သို့ ဂျီအေပီစိုက်ခင်းထူထောင် လုပ်ကိုင်လိုသော တောင်သူများ၏ စိုက်ပျိုးစရိတ် နှင့် နည်းပညာအကူအညီ ပေးနိုင်ရေးကိုပါ စီမံ ဆောင်ရွက်လျက်ရှိရာ တောင်သူများ လက်တွေ့အသုံးချနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ နည်းပညာ စာအုပ်စာတမ်း စာစောင်များ...

RECENT POSTS