စိုက်ပျိုးရေးဦးစီးဌာနသည် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသောအစားအစာထုတ်လုပ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် ၊ ပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုဘဝမြင့်မားစေရေးအထောက်အကူပြုနိုင်ရန်တို့ ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ( မြန်မာ GAP )ကို ရေးဆွဲခဲ့ပြီး သတ်မှတ် GAP စံနှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်သော ထွက်ရှိသီးနှံများအား ဈေးကွက်တင်ပို့ချိန်အမီ GAP ထောက်ခံချက်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ နိုင်ငံပိုင်ကော်ဖီခြံနှင့် ပုဂ္ဂလိကခြံများအား ကော်ဖီသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်း GAP(Good Agricultural...
(၈.၅.၂၀၁၉)နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကျင်းပခဲ့ရာ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ပါသည်။ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ဌာန၏အဓိက တာဝန်ကြီး(၃)ရပ် ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး တာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး၊...
မြန်မာ့ပဲတီစိမ်း GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ်-တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊...
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ဦးဆောင်သည့် မြန်မာ GAP အကောင်အထည်ဖေါ်ရေးနည်းပညာပေးအဖွဲ့သည် ဇွန်လ(၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းကျေးရွာ၌ တောင်သူ(၇၀)ဦးနှင့် ဖါးဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာတွင် တောင်သူ(၁၂၇)ဦးတို့အား သင်တန်းပို့ချခဲ့သည်။နည်းပညာပေးအဖွဲ့သည် ဘောလခဲမြို့နယ်၊ မိုင်းထမ်းအုပ်စု၊ ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်GAP စနစ်ဖြင့်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှမ်းစံပြကွက်များနှင့် နှမ်းသုတေသနစမ်းသပ်ကွက်များကိုလည်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြသည်။ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် နှမ်းများကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ကွင်းတွင် ဆောင်းသီးနှံဖြစ် သော ဂျုံ ၊ ကုလားပဲနှင့် စပ်မျိုးနေကြာများ၏ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ်ကွက်များနှင့် စံပြကွက်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားရာ (၈-၃-၂၀၁၉) ရက်နေ့တွင် ဂျုံ နှင့် ကုလားပဲသီးနှံများအား ရိတ်သိမ်းချွေလှေ့စက်များဖြင့်ရိတ်သိမ်းခြင်း ၊ စံပြကွက်အထွက်နှုန်းများသိရှိရန် စံကွက်ရိတ်သိမ်းခြင်း နှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ပေါက်အင်း...

RECENT POSTS