မြန်မာ့ပဲတီစိမ်း GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ်-တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊...
စက်တင်ဘာလ(၂၃)နေ့တွင် ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ ဦးဆောင်သော ခရိုင်(၅)ခရိုင်နှင့် မြို့နယ်(၁၇)မြို့နယ်မှ စိုက်ပျိုးရေး ဝန်ထမ်း(၁၂၀)ဦးတို့သည် စစ်တွေ ခရိုင်နှင့် မြောက်ဦးခရိုင်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာများနှင့် မင်းပြားမြို့နယ်ရှိ ဧက(၈၀) မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်ခြံများ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်မြက်လှဲကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(၃၁၈)ဧကတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား အသေးစိတ် ရှင်းလင်းပြသကြသည်။ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ(အောက်မြက်လှဲ)တွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း၊...
ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်အစည်းအဝေးခန်းမ၌နံနက်(၉း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ပြည်နယ်ညွှန်ကြာရေးမှူးဦးမျိုးခန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းတွင်ဒုတိယပြည်နယ်ဦးစီးမှူးဦးအောင်ကြည်ဝင်း၊လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးကျော်ကျော်၊ပြည်နယ်/ခရိုင် မြေ၊မျိုးပိုး၊တာဝန်ခံများမြို့နယ်ဦးစီးမှူးများ၊ဝန်ထမ်း နှင့်တောင်သူများစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန ဒေါက်တာဝဏ္ဏထွန်းမှ GAP Guideline (၁၆)ချက်နှင့်အညီ သီးနှံများစတင်စိုက်ပျိုးချိန်မှ စာသုံးသူလက်ဝယ်ရောက်သည်အထိ ၁။ အစားအစာအန္တရာယ်ကင်းရှင်းရေး၂။ သီးနှံများ၏အရည်အသွေး ၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၄။ လုပ်သားများကျန်းမာရေး၊ ဘေအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ (၄)ခုအားအသေးစိတ် ပြောကြားပြီး နောင်တစ်ချိန်တွင် GAPသီးနှံများ ရရှိအောင် စိုက်ပျိုးဆောင်ရွက်ပါက နိုင်ငံတကာဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း GAPလျှောက်ထားရာတွင်လိုအပ်သည့်အချက်အလက်များပြောကြားပြီး ကယားပြည်နယ်...
စိုက်ပျိုးရေးဦးစီးဌာနသည် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသောအစားအစာထုတ်လုပ်နိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် ၊ ပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုဘဝမြင့်မားစေရေးအထောက်အကူပြုနိုင်ရန်တို့ ကို ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ( မြန်မာ GAP )ကို ရေးဆွဲခဲ့ပြီး သတ်မှတ် GAP စံနှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်သော ထွက်ရှိသီးနှံများအား ဈေးကွက်တင်ပို့ချိန်အမီ GAP ထောက်ခံချက်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ နိုင်ငံပိုင်ကော်ဖီခြံနှင့် ပုဂ္ဂလိကခြံများအား ကော်ဖီသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်း GAP(Good Agricultural...
စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုးရေးရှင်း (IFC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ် တောင်သူထံမှဈေးကွက်ဆီသို့ GAP ပွဲတော်နှင့် အလုပ်ရုံဆွေးနွေးပွဲကို မေ ၃ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က အင်းလေးဒေသတွင် GAP စနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တောင်သူ ၅၄ ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈...

RECENT POSTS