ဥယျာဉ်ခြံသီးနှံ

မြန်မာအမည်  -        ထောပတ်သီး သိပ္ပံအမည်    -        Persea americana မျိုးရင်း        -        Lauraceae ထောပတ်သီး၏ မူရင်းဒေသသည် အမေရိကတိုက် အလယ်ပိုင်း မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ရှိ ကုန်းမြင့်တောင်တန်းဒေသများတွင် တွေ့ရပါသည်။ ​ထောပတ်ပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အမြစ်များ၏ ၈၀-၉၀ ရာခိုင်နှုန်းကို မြေကြီးအပေါ်ယံမှ (၂)ပေအနက်တွင် တွေ့ရပြီး ၆၅-၈၀ ရာခိုင်နှုန်းကို မြေအပေါ်ယံမှ (၁၅)ပေတွင် တွေ့ရသည်။ အစေ့မှ...
အမည်  -    သရက် သိပ္ပံအမည်    -    Mangifera indica မျိုးရင်း   -    Anacardiaceae သရက်သီးနှံ၏ မူရင်းဒေသသည် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် မြန်မာဒေသဟု  သတ်မှတ်ထားခဲ့ကြပါသည်။ သရက်ပင်ကို လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀) ကျော်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အသုံးပြုရန်အတွက်လည်းကောင်း စတင်စိုက်ပျိုးခဲ့ကြ သည်။ သရက်သည် မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာအနီး အဝေးတို့တွင် သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးမှုအရသော်လည်းကောင်း များစွာ ဖြစ်ထွန်းလျှက်ရှိပြီး သရက်မျိုးစုစုပေါင်း (၃၀၀) ခန့်ရှိပါသည်။ အဓိက စိုက်ပျိုးသောမျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊...
အမည်      - သခွါးမွှေးသီး သိပ္ပံအမည်            - Cucumis  melo မျိုးရင်း                - Cucurbitaceaeသခွါးမွေးသီးနှံ(Cucumis melo) သည် နိုင်ငံခြားသို့ တင်ပို့မှု ဒုတိယအများဆုံး သီးနှံဖြစ်သည်။ အသီးပုံသဏ္ဍန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍လည်းကောင်း အသီးခွံ အရောင်မှာ အစိမ်းရင့်ရောင်၊ အဖြူရောင်၊ အဝါရောင် စသည်ဖြင့် အမျိုးမျိုးတွေ့ရပါသည်။ အသီးခွံပေါ်တွင် ပိုက်ကွက်ပေါ်လွင် ထင်ရှားသောမျိုး၊ ပိုက်ကွက်များ မထင်မရှား         ပါဝင်သောမျိုးနှင့် ပိုက်ကွက်များ မပါသည့်ပြောင်ချောမျိုးဟူ၍ တွေ့ရသည်။ အသီး     အတွင်းသားအရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ လိမ္မော်ရောင်...
အမည်    -  ဖရဲသီး သိပ္ပံအမည်   -  Citrullus lanatus မျိုးရင်း    -  Cucurbitaceaeဖရဲသီး (Citrullus lanatus) ၏ မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။  မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး စိုက်ဧရိယာမှာ (၂၀၁၄-၂၀၁၅) ခုနှစ်တွင်  ၂၀၆၁၃ ဟက်တာ ဖြစ်ပြီးထုတ်လုပ်မှုမှာ ၂၃၆၂၂၈ တန် ဖြစ်သည်။ တစ်ဟက်တာ အထွက်နှုန်းမှာ ၁၁.၄၆ တန် ဖြစ်သည်။ ပြည်တွင်းစားသုံးမှုများပြီး နိုင်ငံခြားသို့တင်ပို့မှု အများဆုံးသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ် သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူ...
အမည်    -  ဂေါ်ဖီထုပ် သိပ္ပံအမည်   -  Brassica oleracea, Var; Capitata မျိုးရင်း   -  Cruciferaeဂေါ်ဖီထုပ်၏ မူရင်းဒေသမှာ ဥရောတိုက် တောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်း မြေထဲပင်လယ်အနီးပတ်၀န်းကျင်ဒေသ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တိုင်း              ဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု မြင့်မား၍၊ ပြည်ပပို့ကုန် အလားအလာရှိသော သီးနှံဖြစ်သည်။ ဂေါ်ဖီထုပ်များကို အလုံးပုံ၊ အပြားပုံ၊ ထိပ်ချွန်ပုံနှင့် ရံဖန်ရံခါ ဘဲဥပုံများ တွေ့ရှိရတတ်သည်။ အချို့မျိုးများအား...
အမည်         -       ကျွဲကောသီး သိပ္ပံအမည်            -       Citrus grandis / C. maxima မျိုးရင်း               -       Rutaceaeမူရင်းဒေသမှာ အရှေ့တောင်အာရှမှဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ကျွဲကော၏ မူရင်းဒေသတစ်ခု ဖြစ်ဖွယ်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကျွဲကောမျိုးပေါင်း (၁၇)မျိုး ခန့်ရှိပြီး အဓိကစိုက်ပျိုးထားသောမျိုးများမှာ ပန်းရောင် ၁၊ သောင်ဒီ၊ ကျောက်စိမ်း၊ အခွံပါး၊ သကြား မျိုးတို့ဖြစ်ပါသည်။ စိုက်ပျိုးဧရိယာစုစုပေါင်း (၄၀၀၀)ဧကခန့် ရှိပါသည်။ မြန်မာနိုင်ငံ လူဦးရေနှင့် စိုက်ပျိုးဧရိယာအရ ပြည်တွင်းစားသုံးမှုခန့်သာ ရှိပါသည်။ ပြည်ပသို့  အနည်း ငယ်သာတင်ပို့နိုင်ပြီး...
အမည်    - ငရုတ် သိပ္ပံအမည်  - Capsicum annum , Capsicum frutescens မျိုးရင်း  - Solanaceaeငရုတ်သည် အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင် သီးနှံတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ငရုတ်အများဆုံး စိုက်ပျိုးထုတ်လုပ်နေသော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ တူရကီ၊ နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ စပိန်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ အီတလီ၊ ရိုမေးနီးယား၊ တန်ဇန်းနီးယားနှင့် အီဂျစ်နိုင်ငံတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး၂၀၁၄-၁၅ခုနှစ် စာရင်းအရ ငရုတ်စို စုစုပေါင်းစိုက်ဧရိယာ...
အမည် - ခရမ်းချဉ် သိပ္ပံအမည်  - Lycopersicon esculentum မျိုးရင်း   - Solanaceaeခရမ်းချဉ်သည်ကျန်းမာရေးအထောက်အကူပြုသီးနှံတစ်ခုဖြစ်ပြီးယခုအခါကမ္ဘာအဝှမ်းနိုင်ငံအားလုံး၌အမှန်တကယ်လိုအပ်သောဟင်းလျာများ၏လက်စွဲစားဖိုဆောင်သီးနှံတစ်ခုအဖြစ်ကျော်ကြားခဲ့သည်။ခရမ်းချဉ်ကိုပီရူးနိုင်ငံ၊ဘိုလီဗီးယားနှင့်အီကွေဒေါတို့တွင်အေဒီ၇၀၀အစောပိုင်းကပင်အရိုင်ပင်းများအဖြစ်စိုက်ပျိုးခဲ့ပြီး၁၃ရာစုနှစ်ကအမေရိကန်နိုင်ငံမက္ကဆီကိုတွင်စတင်စိုက်ပျိုးခဲ့ပါသည်။ကမ္ဘာပေါ်တွင်ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်သောဟင်းသီးဟင်းရွက်အုပ်စုဝင်သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် (၂၀၁၄-၂၀၁၅)စာရင်းအရခရမ်းချဉ်စိုက်ဧရိယာစုစုပေါင်း (၁၁၀၁၉၇) ဟက်တာရှိပြီး၊စစ်ကိုင်းတိုင်းတွင် (၂၉၉၂၉) ဟက်တာ၊မကွေးတိုင်းတွင်(၂၃၉၁၇) ဟက်တာ၊မန္တလေးတိုင်းတွင် (၂၂၂၉၁) ဟက်တာနှင့်ရှမ်းပြည်နယ်တွင် (၁၁၃၆၆) ဟက်တာနှင့်အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။ ခရမ်းချဉ်ကိုစားသုံးမှုပုံစံအရTable type, Saladtypeနှင့်Processing type ဟူ၍ခွဲခြားလေ့ရှိကြပါသည်။ စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း စိုက်ပျိုးမြေနှင့်အနီးပတ်ဝန်းကျင်ရှိမြေသည်ဓါတုနှင့်ဇီဝဆိုင်ရာအန္တရာယ်ရှိသည့်မြေနေရာမဖြစ်စေရ။ဓာတ်ခွဲစစ်ဆေးရမည်။စိုက်ကွင်းမြေပုံနှင့်မှတ်တမ်းထားရှိရမည်။ ခရမ်းချဉ်ကိုမြေအမျိုးအစားအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သည်။အသင့်တော်ဆုံးမှာနုန်းမြေဖြစ်သည်။ ရေဝပ်သောမြေကိုရှောင်ကြဉ်ရမည်။မြေချဉ်ငံဓါတ်(၆-၆.၅)တွင်အကောင်းဆုံးဖြစ်ထွန်းသည်။ မြေကိုထယ်ရေးနက်နက်ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ရမည်။ ရေ စိုက်ပျိုးရာတွင်အသုံးပြုမည့်ရေအရည်အသွေးကိုဓါတ်ခွဲစစ်ဆေးရမည်။ မွေးမြူရေးဇုံ၊ဆေးရုံ၊စက်ရုံများမှဖြတ်သန်းလာသောရေ၊မြူနီစပယ်စွန့်ပစ်ရေနှင့်သဘာဝပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်ပေါ်နိုင်သည့်ရေများကိုအသုံးမပြုရ။ (ရေဆိုးရေညစ်များကိုပြန်လည်စီရင်၍အသုံးပြုလျှင် WHO Guideline အရလိုက်နာအသုံးပြုရန်)။ ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုသင့်သည်။ မြေတွင်းအစိုဓါတ်နည်းသွားပါကအပွင့်အသီးများကြွေကျတတ်၍ရေသွင်းပေးသင့်သည်။(မှတ်ချက်- ရေများပြီးရေဝပ်လျှင်အပင်သေနိုင်သည်။) စိုက်ဘောင်ဖြင့်စိုက်ပျိုးပါကရေလောင်းစနစ်၊ရေဖျန်းစနစ်(sprinkler)၊အစက်ချစနစ် (Drip irrigation) တို့ကိုဆောင်ရွက်ခြင်းဖြင့်အပင်ဖြစ်ထွန်းမှုပိုမိုကောင်းမွန်သည်။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်နှင့်ပန်းစတင်ပွင့်ချိန်တွင်အစိုဓါတ်မပြတ်စေရန်ရေသွင်းပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ပါ။ ...
အမည် -  ကြက်သွန်နီ သိပ္ပံအမည်  -  Alium cepa မျိုးရင်း   -  Liliaceaeကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း အာဖဂန်နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်းတလျှောက်ဖြစ်သည်။ ကြက်သွန်နီသည် ပြည်တွင်းစားသုံးမှု အများဆုံး စားဖိုချောင်သီးနှံဖြစ်ပြီး နိုင်ငံခြား ပို့ကုန်အဖြစ် နှစ်စဉ်ဝင်ငွေကောင်းသော သီးနှံဖြစ်သည်။     ကြက်သွန်နီကို မိုး ကြက်သွန်နီ၊ ဆောင်း ကြက်သွန်နီအဖြစ် စိုက်ပျိုးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော် တိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး...

RECENT POSTS