GAP started

GAP ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံတိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြဌာန်းပြီး ဖြစ်ရမည်သကဲ့သို့ အာဆီယံဘုံ ပြဌာန်းချက်များလည်း ပြဌာန်းကြမည် ဖြစ်ပါသည်။ စပါး၊ ပဲတီစိမ်း GAP အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၈ခုနှစ်နှင့် သရက်သီးနှံကို ၂၀၁၇ တွင် စတင် ထုတ်ပေးပါသည်။

Contact center, phone number

ဂျီအေပီ အသိအမှတ်ပြုလက်မှတ် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးရုံးများသို့ ဆက်သွယ်၍လည်းကောင်း၊ GAP website မှတိုက်ရိုက်သော်လည်းကောင်း Download ရယူ၍လည်းကောင်း လျှောက်ထား နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၅၅၅ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

GAP form

GAPလျောက်ချင်လျင် အရင်ဆုံး စိုက်ပျိုးမည့် မြေကြီး၊ ရေတို့ကို နမူနာယူ၍ ဓာတ်ခွဲ စမ်းသပ်ရပါမည်။ Heavy Metal ကင်းပြီး  safe ဖြစ်မှ လျောက်လို့ ရပါမည်၊ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် မိမိလျှောက်ထားလိုသည့် သီးနှံများအလိုက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး မြေဆီလွှာနှင့် ရေ...

Vineyards planted with GAP method

စပျစ်ကို GAP နည်းစနစ်နှင့် စိုက်ပျိုးလို့ရပါတယ်။ စပျစ်ကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးချင်လျှင် လိုက်နာရမည့် Protocol (၁၆) ချက် ရှိပါသည်။ GAP လျောက်လိုလျှင် မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ဆက်သွယ် လျောက်ထား နိုင်ပါသည်။

GAP agricultural crops produced

GAP Certificate ရရှိထားသော မိတ္ထီလာခြံမှ သရက်၊ နဂါးမောက် သီးနှံများ ရရှိနိုင်ကြောင်း၊ အခြား ဟင်းသီးဟင်းရွက် သီးနှံများ လိုချင်ပါက GAP Certificate ရရှိပြီးသောစိုက်ပျိုးထုတ်လုပ်သူများနှင့် ဆက်သွယ် ဝယ်ယူနိုင် ပါသည်။