မြန်မာ့ပဲတီစိမ်း GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဉ်-တောင်သူ့ထံမှ ဈေးကွက်ဆီသို့ ခေါင်းစဉ်ဖြင့်ကျင်းပသော GAP ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် (အောင်ဆန်းခန်းမ)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

တောင်သူများ ငွေကြေးအထောက်အပံ့ရရှိစေရန် အသေးစားချေးငွေလုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်း၊ အရည်အသွေးမြင့် မျိုးစေ့၊မြေသြဇာ၊ပိုးသတ်ဆေးများ ရရှိစေရန် သွင်းအားစု ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ရရှိစေရန် ပြည်ပပို့ကုန်လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ဆွေးနွေးကြကြောင်း သိရှိရသည်။