ဖရဲသီး

အမည်    –  ဖရဲသီး

သိပ္ပံအမည်   –  Citrullus lanatus

မျိုးရင်း    –  Cucurbitaceae

ဖရဲသီး (Citrullus lanatus) ၏ မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။  မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး စိုက်ဧရိယာမှာ (၂၀၁၄-၂၀၁၅) ခုနှစ်တွင်  ၂၀၆၁၃ ဟက်တာ ဖြစ်ပြီးထုတ်လုပ်မှုမှာ ၂၃၆၂၂၈ တန် ဖြစ်သည်။ တစ်ဟက်တာ အထွက်နှုန်းမှာ ၁၁.၄၆ တန် ဖြစ်သည်။ ပြည်တွင်းစားသုံးမှုများပြီး နိုင်ငံခြားသို့တင်ပို့မှု အများဆုံးသော သီးနှံတစ်မျိုး ဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ် သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူ အတွက် အန္တရာယ်ဖြစ်စေသည့်နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း  လမ်းများနှင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများ ဖြစ်ပါ သည်။

ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီ၍ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဖရဲ မျိုးကောင်းမျိုးသန့်များ အသုံးပြုရန်လိုအပ်ပါသည်။ စိုက်ပျိုးမည့်သီးနှံမျိုးနှင့် စိုက်ပျိုးနည်း စနစ်များ ပိုးသတ်ဆေးအသုံးပြုမှုများ အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက်အသုံးပြု ဆောင်ရွက်ရပါမည်။

ဖရဲသီးနှံ၏ အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉) လက်မမှ (၃၀) လက်မခန့် အထိရှည်ပြီး သီးလုံးအချင်း (၆)လက်မမှ (၁၅)လက်မခန့်အထိ ရှိသည်။ အတွင်းသား အရောင် မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါ စသည် ဖြင့် အရောင်အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါ နှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

  • စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်တွင် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့်     မြေ  မျိုးအစားမျိုး မဖြစ်စေရ။
  • စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။
  • သင့်တော်သည့် ဆားမပေါက်သဲနုန်းမြေ (သို့) နုန်းမြေများတွင် စိုက်ပျိုးနိုင်ပါသည်။
  • မြေအချဉ်ငံဓါတ် (၆ မှ ၆.၈) အတွင်းရှိသည့်မြေသည် ဖရဲသီးနှံစိုက်ပျိုးရန် အသင့် တော်ဆုံးဖြစ်သည်။
  • အသင့်တော်ဆုံးအပူချိန်မှာ (၂၁- ၃၄)ဒီဂရီစင်တီဂရိတ်ဖြစ်သည်။
  • လေထုစိုထိုင်းဆနည်းသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။
  • မြေဆီလွှာတစ်ခုတည်းတွင် ဖရဲပြီးဖရဲထပ်၍ စိုက်ပျိုးမရနိုင်ပါ။
  • မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

ရေ

  • စိုက်ပျိုးရာတွင်အသုံးပြုမည့် ရေအရည်အသွေးကို လိုအပ်ပါက ဓါတ်ခွဲစစ်ဆေးရမည်။
  • ရေသွင်းခြင်းနှင့် မရိတ်သိမ်းမီ ရေဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မှတ်တမ်းများထားရှိရမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည် စီရင်၍ အသုံးပြုလျှင် WHO Guide line အရ လိုက်နာအသုံးပြုရန်)။
  • အသီးမဆွတ်ခူးမှီ (၂) ပတ်အလိုထိ ရေပေးသွင်းခြင်းကို (၅) ရက်ခြား တစ်ကြိမ်ပုံမှန် ရေသွင်းပေးသင့်ပါသည်။

မျိုးစေ့/ပျိုးပင်

  • ဖရဲမျိုးစေ့နှုန်း တစ်ဧကလျှင် (၁၀၀)ဂရမ် သုံး၍ပျိုးထောင်ပါ။
  • ရေမြေဒေသနှင့် ကိုက်ညီပြီးပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်း ဖရဲ မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
  • စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများကိုရရှိသည့်နေရာ၊ ရရှိသည့် အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရမည်။
  • ဖရဲမျိုးစေ့များ ပျိုးထောင်ရာတွင် ပျိုးပင်များပျိုးမထောင်မှီ မျိုးစေ့များကို နေရောင်ခြည် ကောင်းစွာရရှိသောနေရာတွင် (၃)နာရီခန့် နေလှန်းထားပေးရမည်။
  • ထို့နောက်အရိပ်အောက်တွင် အအေးခံထားပြီး (၅)နာရီကြာရေစိမ်ရပါမည်။
  • ပြီးနောက်မျိုးစေ့များကိုရေစစ်၍(၁)နာရီခန့်လေသလပ်ထားပြီး အပေါက်ကလေးများ ဖောက်ထားသည့် ပလတ်စတစ်အိတ်အဖြူတွင်ထည့်ပါ။
  • ထိုအိတ်ကို ရေစိုအဝတ်စဖြင့်ပတ်ကာ ပလတ်စတစ်အိတ်အမဲထဲသို့ထည့်ပြီး (၂)ပေခန့် အမြင့်ရှိသော စက္ကူကတ်ပုံးထဲတွင်ထားပါ။
  • ၎င်း မျိုးစေ့ထုတ်ပေါ်မှ (၁)ပေခွဲခန့်အကွာတွင် (၄၀)ဝပ် (သို့) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရမည်။
  • လျှပ်စစ်မီးမရရှိသော ဒေသများတွင် လေလုံသောပုံး/ မြေအိုးတွင်ထည့်ပြီး (၂-၃) ရက်ခန့် အပူပေးကာ မျိုးညှောင့်ဖောက်ပေးသင့်ပါသည်။
  • မျိုးညှောင့်ဖောက်ပြီးမျိုးစေ့များကို (၄”x၅”) ပလတ်စတစ်အိတ်များ (သို့) (၃”x၄”) ပလတ်စတစ်အိတ် (သို့) (၂”) ပတ်လည် ပလတ်စတစ်ပျိုးခွက်များတွင်ထည့်၍ ပျိုးထောင်သင့်ပါသည်။
  • ပျိုးမြေအဖြစ်မြေဆွေး(၂)ဆ၊ နွားချေး(၁)ဆ၊ စက်ဖွဲပြာ(၄)ဆ ရောစပ်အသုံးပြုသင့် ပါသည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

  • ဖရဲသီးနှံအတွက် အသုံးပြုမည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက် ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့်ဇီဝဆိုင်ရာပစ္စည်းများ ပါဝင်ခြင်းမရှိ စေရ။
  • သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြု သင့်ပါသည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများရောနှောခြင်းနှင့် သိုလှောင် ခြင်း၊ အော်ဂဲနစ်ပစ္စည်းများကို ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို  မြေနှင့်ရေ အရင်းအမြစ် သန့်ရှင်းမှုကို ထိခိုက်စေသောနေရာများ၌ မပြုလုပ်ရ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေးနည်း စနစ်များကိုအသုံးပြုရပါမည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြုရ မည်။
  • ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက မှတ်ပုံတင်စာရင်းသွင်းထားသော အပင်ထွက်ပိုးသတ်ဆေးနှင့် ဇီဝပိုးသတ်ဆေးများကို သုံးသင့်ပါသည်။ ဆေးဖျန်း     ပြီးနောက် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် ရက်ကာလအပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
  • ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ် သုံးစွဲနည်းကို သိရှိနားလည်ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းများထားရှိရမည်။
  • လောင်စာဆီ၊ ချောဆီနှင့် အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

ဖရဲသီးနှံအား နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါသည်။

၆-၁။ မြေပြင်ခြင်း
  • ဖရဲမစိုက်ပျိုးခင် စိုက်ကွင်းအား ထယ်(၁)စပ်၊ ထွန်(၂)စပ် ညက်ညက်ထွန်ပေးပြီး ပေါင်းမြက်များ ကင်းစင်အောင် ဆောင်ရွက်ပေးသင့်ပါသည်။
  • စိုက်ဘောင်ပြင်ချိန်တွင် မြေခံအဖြစ် (၁) ဧကလျှင် နွားချေးဆွေး(၂၅၀)တင်း၊ ကွန်ပေါင်းမြေသြဇာ (၅၀)ကီလိုဂရမ်(၂)အိတ်၊ ဖြူရာဒန် (3G) (၅)ကီလိုဂရမ် ထည့်သွင်းသင့်ပါသည်။
  • သင့်တော်သော မြေအချဉ်ငံဓါတ်ရရှိရန်အတွက် ထုံး(သို့) ဂျစ်ပဆင် (Gypsum) ကို သင့်တော်သလို ထည့်ပေးသင့်ပါသည်။
  • ပေါင်းမြက်၊ မြေအောင်းပိုး၊ ရောဂါများ၊ မြေဆီလွှာပြုန်းတီးခြင်းများမှ ကာကွယ်ရန် နှင့် အစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန်အတွက် စိုက်ပျိုးရေးသုံး ပလတ်စတစ်ရောင်ပြန် အမဲသုံးပေးသင့်ပါသည်။။
၆-၂။ စိုက်ပျိုးခြင်း
  • ပျိုးသက် (၁၀-၁၅)ရက်သားအရွယ်တွင် ပြောင်းရွေ့ စိုက်ပျိုးသင့်ပါသည်။
  • တန်းကြားပင်ကြားအကွာအဝေးကို (၇.၅x၂)ပေ (သို့) (၁၀x၂)ပေ စသည်ဖြင့် မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်ပြီး စိုက်ပျိုးနိုင်ပါသည်။
  • (၇.၅x၂)ပေ အကွာအဝေးဖြင့်စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၂၉၀၀)ပင်နှင့် (၁၀x၂) ပေ စိုက်ပါကအပင် (၂၁၈၀) ပင်ဝင်ဆန့်ပါသည်။
၆-၃။ မြေသြဇာကျွေးခြင်း
  • မြေသြဇာမကျွေးခင် အပင်ခြေရှိပေါင်းမြက်များကို ရှင်းလင်းသင့်ပါသည်။
  • ပြောင်းရွှေ့စိုက်ပြီး (၁၀-၁၅) ရက်မှစ၍ ပဲဖတ်၊ နှမ်းဖတ်ပုပ်ရည်များကို အပုပ်ရည် တစ်ဝက်နှင့် ရေဆတူရော၍ (၅)ရက်ခြားတစ်ကြိမ် အပင်တစ်ပင်လျှင် (၃၀၀) စီစီ (နို့ဆီဘူးတစ်ဘူး) နှုန်း ပင်ခြေတစ်ဝိုက်တွင် ထည့်သင့်ပါသည်။
  • ကျွဲ၊ နွား၊ တိရိစ္ဆာန် အညစ်အကြေးများကို (၃) လမှ (၄) လထိ ကောင်းစွာဆွေးမြေ့ ပြီးမှသာလျှင် သဘာဝမြေသြဇာအဖြစ် ထည့်သွင်းအသုံးပြုသင့်ပါသည်။
  • အမပန်း မပွင့်မှီ တစ်ပင်လျှင် ပုလဲမြေသြဇာ (၅)ဂရမ်(ဟင်းစားဇွန်းဝက်) နှုန်းကို တစ်ပတ်တစ်ကြိမ်ကျွေးပေးပြီး ပန်းပွင့်ပြီးနောက်ပိုင်းမှစ၍ ကွန်ပေါင်းမြေသြဇာ (၁၅:၁၅:၁၅) ကို တစ်ပင်လျှင် (၁၀) ဂရမ် ( ဟင်းစားဇွန်း တစ်ဇွန်း) နှုန်းဖြင့် မရိတ်သိမ်းမီ နှစ်ပတ်အလိုအထိ တစ်ပတ်တစ်ကြိမ် ကျွေးပေးသင့်ပါသည်။
  • သီးလုံးဖမ်းပြီးနောက် စိုက်ဘောင်ရင်းတွင် တစ်ဧကလျှင် ကွန်ပေါင်းမြေသြဇာ (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် (၂) အိတ်နှုန်း ထပ်မံကျွေးသင့်ပါသည်။
၆-၄။ ရေသွင်းခြင်း
  • ဖရဲပျိုးပင်များ မစိုက်ပျိုးမီ စိုက်ဘောင်များကို ကြိုတင်၍ ရေသွင်း/ ရေနှပ်ခြင်းများ ပြုလုပ်ထားရပါမည်။ (Drip Irrigation ဖြင့် စိုက်လျှင် မလိုအပ်ပါ။)
  • ပျိုးပင်များ ပြောင်းရွှေ့စိုက် ပြီးလျှင် ပြီးခြင်း ရေပေးသွင်းသင့််ပါသည်။
၆-၅။ သီးကိုင်းမွေးမြူခြင်း
  • ပြောင်းရွှေ့စိုက်ပြီး (၁၀)ရက်အကြာမူမှန်ရွက် (၄-၅)ရွက်ထွက်ချိန်တွင် ခေါင်ညွှန့်ဖြတ် ပေးရမည်။
  • ကိုင်း(၄-၅)ကိုင်းမှ အသန်မာဆုံး(၃)ကိုင်းကိုချန်ပြီး ကျန်ကိုင်းများကိုဖြတ်ပေးရမည်။
  • အပင်ပြုစုစောင့်ရှောက်ရာတွင် ကိုင်း (၃) ကိုင်းမှ (၁၀) ဆစ်အောက်ရှိ ဘေးတက် များကို ဖယ်ရှားပေးရမည်။

 

၆-၆။ ဝတ်မှုန်ကူးခြင်းနှင့် အသီးကင်းခြွေခြင်း
  • ပြောင်းရွှေ့စိုက်ပြီး (၅-၆) ပတ်အကြာတွင် ကိုင်း (၃) ကိုင်းမှ (၁၁) ဆစ်နှင့် (၁၇)ဆစ် အတွင်း အမပန်းပွင့်များအား အသီးတင်မှုနှင့် ပုံသဏ္ဍန်မှန်သောအသီးများ ရရှိစေရန် မနက် (၇)နာရီမှ (၉)နာရီအတွင်း ဝတ်မှုံကူးပေးပြီး (၁)ကိုင်းလျှင် ပုံသဏ္ဍာန်မှန်၍ အရည်အသွေးကောင်းမွန်သော သီးလုံးတစ်လုံးစီ မွေးကာ တစ်ပင်လျှင် (၁-၂)လုံး ရယူနိုင်ပါသည်။
  • အသီးများ တင်းနစ်ဘောလုံးအရွယ်ရှိချိန်တွင် အသီးတစ်လုံးသာထားပြီး ကျန်အသီး ကင်းများအား ခြွေပေးရမည်။ သို့မှသာ စျေးကွက်ဝင် အသီးအရွယ်အစား ရနိုင်မည် ဖြစ်သည်။
  • သီးလုံးမွေးပြီး (၂)ပတ်ကြာပြီးနောက် မြေကြီးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ရန် သီးလုံးများအောက်တွင် အခုအခံများ ခံပေးသင့်ပါသည်။
  • အသီးများ နေလောင်ကွက်များ မဖြစ်စေရန် အသီးပေါ်၌ မြက်ခြောက်အုပ်ပေးခြင်း အသီးလှည့်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
၆-၇။ အထွေထွေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
  • စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရ။
  • စိုက်ခင်းသန့်ရှင်းရေးကို တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ် ဆောင်ရွက်သင့်ပါသည်။
  • စိုက်ခင်းအား အမြဲမပြတ် ကြည့်ရှု့ စောင့်ရှောက်သင့်ပါသည်။
  • ဖရဲပင်များ စိုက်ပျိုးပြီးနောက် (၃)ပတ်သားခန့်တွင် နွယ်များကို ဖြောင့်တန်းစွာ ဆင်းစေရန် ဆင်ခြေလျှော လုပ်ပေးသင့်ပါသည်။
  • အညွန့်ပြေးလမ်းတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်း၍ နေပူကောင်းစွာ လှန်းထားသော ကိုင်းတံများ၊ ကောက်ရိုးခြောက်များဖြင့် ဖုံးအုပ်ဖြန့်ထားပေး သင့်ပါသည်။
  • ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ပေါက်ရောက်မှုနည်းခြင်း၊ အစိုဓါတ် ဆုံးရှုံးမှု လျော့နည်းစေခြင်း၊ ဖရဲပင်နှာမောင်းများမှ ကောက်ရိုးကို ကုတ်တွယ် ထားခြင်းဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့စေနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကိုရရှိပါမည်။
၆-၈။ ပိုးသတ်ဆေးအသုံးပြုခြင်း

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရာတွင် နိုင်ငံ၏ ဥပဒေအရအသိအမှတ်ပြု မှတ်ပုံတင်သွင်းထားသည့် ပိုးသတ်ဆေးများကိုသာအသုံး ပြုရပါမည်။

ဖရဲတွင်ကျရောက်သော ပိုးမွှားများ

စဉ်
ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်ချိန် ကာကွယ်နှိမ်နင်းနည်း

 

၁။ ဘူးဖရုံကျိုင်း Aulacophora foveicollis အရွက်ပေါ်တွင်  ကြပ်ခိုးမှိုများဖြစ်ပေါ် ခြင်း၊ လောက်ကောင်များဖျက်စီးခြင်း ကြောင့် ပင်စည်နှင့်အမြစ်များ ညိုး၍ ပုပ်ခြင်း၊ပင်စည်တွင်းထဲသို့ ဝင်ရောက် စားသုံးခြင်းကြောင့် ပင်စည်အရောင် ပြောင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။ ပျိုးပင်ပေါက် အဆင့်မှ အသီးသီးချိန်ထိ ကျရောက်နိုင်သည်။ မျိုးစေ့ဆေးစီရင်ခြင်းနှင့် မြေပြုပြင်ချိန်တွင် ပိုးသတ်ဆေးထည့်သွင်းခြင်း များပြုလုပ်ပါ။
၂။ ပျပိုး Aphis gossypii အပွင့်များအရွက်များ ပုံသဏ္ဍာန်မမှန် ခြင်း၊ အရောင်ပြောင်း၍ ညိုးသွား ခြင်းနှင့် ကြပ်ခိုးမှိုများဖြစ်ပေါ်စေနိုင် သည်။ ပင်ပိုင်းကြီးထွားမှု နှေးကွေးပြီး အပင်များပု၍သေးကွေးခြင်း ဖြစ်ပေါ် မည်။ ပန်းပွင့်ချိန်၊ အသီးသီး ချိန်နှင့် ပင်ပိုင်းကြီး ထွားချိန် တစ်လျောက် ကျရောက်နိုင်ပါသည်။ အပင်များအား လေဝင် လေထွက် ကောင်းစေရန် ကိုင်းခုတ်/ ကိုင်းဖြတ်ခြင်း

များပြုလုပ်ပါ။ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ် ဆေးတစ်မျိုးမျိုး ပက်ဖျန်း

ပါ။

၃။ လှေးကျိုင်း Luperodes suturalis အရွက်များပေါ်တွင် သေနတ်ဖြင့် ပစ်ဖောက်ထားသည့်ပုံစံအပေါက်လေး များစွာ တွေ့ရမည်။ မြေကြီးထဲရှိ လောက်ကောင်များသည် အမြစ်နု များကို စားသောက်ဖျက်ဆီးသည်။

 

အပင်သက်တမ်း တစ်လျောက် ကျရောက်နိုင်ပါသည်။ ပေါင်းမြက်များအား ရှင်းလင်းပါ။ မြေပြင်ချိန်တွင် ပိုးသတ်ဆေးတစ်မျိုးမျိုး ထည့်ပါ။ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။
၄။ မွှားပင့်ကူနီ Tetranychus spp. အရွက်မျက်နှာပြင်ကို လှီးဖြတ် စုပ်စား သည်။ အပ်ဖျားခန့် အဖြူစက်များ တွေ့ရသည်။ ဆိုးဝါးစွာ ကျရောက် ပါကအရွက်များဝါ၍ ခြောက်သွေ့ ကုန်သည်။

 

အပင်သက်တမ်း တစ်လျောက်ကျရောက် နိုင်ပါသည်။ မွှားပင့်ကူနီသတ်ဆေး အာနိသင်ရှိသောဆေး တစ်မျိုးမျိုးပက်ဖျန်းပါ။

 

၅။

သီးထိုးယင် Bactrocera spp. ယင်မသည် ဥထိုးတံဖြင့် သီးခွံပြင်ပ တွင် ဥအုခဲ့ပြီး လောက်ကောင်များ သည် အတွင်းထဲသို့ တိုးဝင်ကာ အတွင်းတွင် နေထိုင် စားသောက်ခြင်း ကြောင့် အသီးများ အရောင်ပျက်ခြင်း အနာကွက်များ ဖြစ်ပေါ်ခြင်း၊ အသီးပုံ ပြောင်းလာခြင်း၊ အက်ကွဲခြင်း၊  ပြုတ်ကျခြင်းများ ဖြစ်ပေါ်ကာ ၄င်းအနာများမှတစ်ဆင့် မှို၊ ဘက်တီး ရီးယားများ ဝင်ရောက်ကာ အသီးများ ပုပ်စေပါသည်။ အသီးပုပ်များ အတွင်း တွင် အဖြူရောင် လောက်ကောင်ငယ် များအား တွေ့ရသည်။ အသီးသီးချိန်တွင် ကျရောက်နိုင်ပါသည်။  ရုပ်ဖုံးများ မြေကြီး အတွင်း ဆက်လက်နေထိုင်နိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်း များပြုလုပ်ပါ။ကြွေကျအသီး များကို ၁ပေ ခွဲ -၂ပေခန့် ကျင်းတူး၍ မြေမြှုပ်ဖျက်ဆီး ပါ။ သီးထိုးယင် ဦးရေအား ကင်းထောက်ရန် မီသိုင်း ယူဂျီနောဆေးထောင်ချောက် ကို တစ်ဧကလျှင် (၅) ခုနှုန်း တပ်ဆင်ပါ။ ပန်းစတင်ပွင့် ချိန်မှ (၃၀-၃၅) ရက်အတွင်း အိတ်စွပ်ပါ။ အိတ်မစွပ်ခင် (၂-၃)ရက်ကြိုတင်၍  ထိသေ စားသေအာနိသင်ရှိ ပိုးသတ် ဆေးတစ်မျိုးမျိုးကို အညွှန်း အတိုင်း ပက်ဖျန်းပါ။
၆။ ယင်ဖြူ Bemisia tabaci အရွက်အောက်တွင် အဖြူမှုန်များ  ကပ်နေ၍ အရွက်ကို ခါကြည့်ပါက ဖလံနှင့်တူသော အဖြူရောင်အကောင် များ ပျံထွက်လာသည်ကို တွေ့ရမည်။ ယင်ဖြူသည် ဗိုင်းရပ်စ် ရောဂါကို သယ်ဆောင်နိုင်ပါသည်။ ပျိုးပင်ပေါက်အဆင့်မှ ပင်ပိုင်းကြီးထွားချိန် တစ်လျောက်ကျရောက် နိုင်ပါသည်။ ရောဂါရ ပင်ကြွင်း ပင်ကျန် များကိုမီးရှို့ပါ။ သီးလှည့် စိုက်ပါ။ ထယ်ရေးနက်နက် ထိုးပါအပင်စိပ်စိပ်စိုက်ခြင်း မှ ရှောင်ပါ။ အရွက်အောက် မျက်နှာပြင်ရောက်အောင် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။
ဖရဲသီးနှံတွင်အဓိကကျရောက်သော ရောဂါများ
စဉ် ရောဂါအမည် ရောဂါဖြစ်စေသော

သက်ရှိ

ရောဂါလက္ခဏာ ကျရောက်မှု ကာကွယ်နှိမ်နင်းနည်း
၁။ ဒေါင်းနီမှိုရောဂါ

(Downy Mildew)

Pseudoperonospora cubensis

 

 

အရွက်မျက်နှာပြင်၌ အဝါဖျော့ အကွက်များ စဖြစ်ပေါ်လာသည်။ အောက်မျက်နှာပြင်တွင် ခရမ်း ရောင်မှမီးခိုရင့်ရောင်ရှိဒေါင့်ကွက် ပုံ ဖြစ်ပေါ်လာသည်။ ပြင်းထန် လျှင်ကြီးထွားမှုရပ်ပြီးခြောက်သေ သွားသည်။ မှိုစပိုးများသည် လေ၊ ရေ၊ မိုး၊ နှင်းတို့ဖြင့် ပျံ့နှံ့သည်။ ရောဂါကျချိန် စိုစွတ်၍ အေးလျှင် တစ်နှစ်ပတ်လုံး မှိုစပိုးများ ကျရောက်နိုင် သည်။  ခံနိုင်ရည် ရှိသောမျိုးကို သုံးပါ။ အပင်ခြေ လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ပါ။ မြေခံကို ပိုတက်ရှ်ထည့်၍ Metalaxyl၊ Propineb, Metalaxyl+Mancozeb၊ Chlorothalonil၊ Dimethomorph၊ Fosetyl-Al စသည့် မှိုသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။
၂။ ဖျူဆေရီယမ် ပင်ညှိုးရောဂါ

(Fusarium wilt)

Fusarium oxysporium – အရွက်များတွင် မူမမှန်သော အရောင်တွေ့ရပြီး ညှိုးကျလာကာ အဝါရောင်ပြောင်းလာပြီးသေသွား သည်။

– ပင်စည်အတွင်းပိုင်း အရောင် ပျက်လာပြီး မူမမှန် ကြီးထွား

လာကာ ညှိုးကျလာသည်။

– အပင်တစ်ပင်လုံး အပင်သေး ခြင်း၊ ကိုင်းဖျားခြောက်၍ အစိုဓာတ် လျော့နည်းလာပြီး အပင်ပုလာသည်။

ပျိုးပင်မှကြီးထွားချိန် အထိ ကျရောက်တတ်ပါသည်။ ပင်ကြွင်း ပင်ကျန်များ ကို မြေမြှုပ် မီးရှို့ဖျက်ဆီး ပါ။သီးနှံအလှည့်ကျ စိုက်ပါ။ ထယ်ထိုး မြေလှန်ပေးပါ။

Benomyl, Carbendazim, Thiophanate methyl, Tebuconazole, hymexazole ဆေးများ အသုံးပြုနိုင် သည်။

၃။ ဘက်တီးရီးယား ရွက်ခြောက် ရောဂါ

Bacterial Leaf blight

Acidovorax avenae sub.sp avenae ပန်းပွင့်နှင့်အရွက်များတွင် ဒဏ်ရာ များဖြစ်လာသည်။ မူမမှန်အရောင် ပြောင်းကာ ညှိုးကျ၍  ပုပ်လာပြီး အနံ့ ထွက်လာသည်။ အမြစ် ဖွဲ့စည်းပုံနှေးလာပြီး အစေ့အရောင် ပျက်လာသည်။ ပင်စည်အတွင်းပိုင်းနှင့် အပြင်ပိုင်း နှစ်ခုလုံးတွင် အရောင်ပျက်လာပြီး မူမမှန်ကြီးထွားကာ ကိုင်းဖျားများ ခြောက်လာသည်။ အပင်တစ်ခုလုံး ပုသွားပြီး ပျိုးပင်များ ခြောက်၍ မူမမှန် အနံ့ ထွက်လာသည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင် ကျရောက် နိုင်သည်။ ပင်ကြွင်းပင်ကျန်များကို မြေမြှုပ်မီးရှို့ ဖျက်ဆီးပါ။ သီးနှံ အလှည့်ကျ စိုက်ပါ။ ထယ်ထိုးမြေလှန်ပေး ပါ။ Kasugamycin, Copper ပါသောဆေး များ စသည့်ဆေး တစ်မျိုးမျိုး အသုံးပြု နိုင်သည်။

မှတ်ချက်။      ပိုးမွှားရောဂါကျရောက်စဉ် ယူရီးယားမြေသြဇာကျွေးခြင်းမှ ရှောင်ကျဉ်ရမည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန် ပိုတက်ရှ် မြေသြဇာကို ဆေးဖျန်းပုံး (၁)ပုံးလျှင် (၄၀)ဂရမ်နှုန်းဖြင့် တစ်ဧကလျှင် ဆေးဖျန်းပုံး(၅-၆)ပုံးဖျန်းပါ။

၆-၉။ ပိုးသတ်ဆေးဘူးများ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း
  • ပိုးသတ်ဆေးဘူးများ ထားသိုသည့်နေရာတွင် မှတ်တမ်းများထားရှိရပါမည်။
  • အပြောင်းအလဲရှိပါကလည်း မှတ်တမ်းများထားရှိရပါမည်။
  •  ပိုးသတ်ဆေးဘူးခွံများ (သို့) ပစ္စည်းကိရိယာများကို ရေတွင်း၊ ရေကန်၊ မြစ်ချောင်း၊ စိုက်ပျိုးမြေဧရိယာဘေးတို့တွင် ဆေးကြောခြင်း၊ စွန့်ပစ်ခြင်း၊ ဘူးခွံများကို အခြားနေရာ များတွင်ပြန်လည်အသုံးပြုခြင်းများ မပြုလုပ်ရပါ။

မှီငြမ်းကိုးကားချက်များ

  • ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (၂၀၀၀) ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • သီးနှံကာကွယ်ရေးဌာနခွဲ (၂၀၀၆)၊ ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှား ရောဂါနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • East West Seed International. (၂၀၀၈)၊ အပူပိုင်းဒေသရှိ ဘူး၊ ဖရုံ၊ သခွား မျိုးနွယ်ဝင်အပင်များတွင် ကျရောက်သော ရောဂါများ။
  • ASEAN Std (2008)၊ Std -11 Watermelon ၊  pp- 69-74 ။
  • Department of Agriculture, Forestry and Fisheries (2011)၊ Watermelon Post harvest handling ။
  • လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန (၂၀၁၅)၊ 2014-2015 ခုနှစ် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်း၊
  • Food and Agriculture Organization of the United Nations – FAO၊ Guidelines for Good Agricultural Practices; Brazilian Agricultural Research Corporation – Embrapa

www.fao.org/prods/gap/docs/pdf/guidelines_for_good_agricultural_   practices.pdf