ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးမျိုးခန့်၊ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုင်းသန်းအောင်နှင့်ဦးအောင်ကြည်ဝင်းတို့လိုက်ပါလျှက်ဇွန်လ(၂၆)ရက်နေ့ကဘောလခဲခရိုင်သို့ကွင်းဆင်းသွားရောက်ပြီးဘောလခဲမြို့နယ်၊မိုင်းထမ်းကျေးရွာအုပ်စု၊ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်ဆောင်ရွက်လျှက်ရှိသောနှမ်းGAP စိုက်ခင်းများစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့်သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာတို့၏နှမ်းသီးနှံအထွက်နှုန်းနှင့်အရည်အသွေးအပေါ်အကျိုးသက်ရောက်မှုစမ်းသပ်ကွက်နှင့်နှမ်းသီးနှံအထူးပြုဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဘောလခဲခရိုင် ဦးစီးမှူးရုံးတွင် ဘောလခဲခရိုင်မှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊မြေ၊မျိုး၊ပိုးတာဝန်ခံများ ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ သီးနှံအလိုက် GAP စနစ်လိုက်နာကျင့်သုံးရေး ၊ နှမ်း GAPဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်အားကုန်ကျမှုသက် သာ၍တစ်ဧက အကျိုးအမြတ်ပိုမိုရရှိစေမည့် နှမ်းသီးနှံ စိုက်ပျိုးပြုစုနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေး နှင့် ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။