ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ဦးဆောင်သည့် မြန်မာ GAP အကောင်အထည်ဖေါ်ရေးနည်းပညာပေးအဖွဲ့သည် ဇွန်လ(၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းကျေးရွာ၌ တောင်သူ(၇၀)ဦးနှင့် ဖါးဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာတွင် တောင်သူ(၁၂၇)ဦးတို့အား သင်တန်းပို့ချခဲ့သည်။နည်းပညာပေးအဖွဲ့သည် ဘောလခဲမြို့နယ်၊ မိုင်းထမ်းအုပ်စု၊ ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်GAP စနစ်ဖြင့်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှမ်းစံပြကွက်များနှင့် နှမ်းသုတေသနစမ်းသပ်ကွက်များကိုလည်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြသည်။ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် နှမ်းများကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

[vc_gallery type=”image_grid” images=”818,819,820,821,822,823,824,825,826″]