စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)သင်တန်း

ကယားပြည်နယ် ၊စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်အစည်းအဝေးခန်းမ၌နံနက်(၉း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ပြည်နယ်ညွှန်ကြာရေးမှူးဦးမျိုးခန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းတွင်ဒုတိယပြည်နယ်ဦးစီးမှူးဦးအောင်ကြည်ဝင်း၊လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးကျော်ကျော်၊ပြည်နယ်/ခရိုင် မြေ၊မျိုးပိုး၊တာဝန်ခံများမြို့နယ်ဦးစီးမှူးများ၊ဝန်ထမ်း နှင့်တောင်သူများစုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန ဒေါက်တာဝဏ္ဏထွန်းမှ GAP Guideline (၁၆)ချက်နှင့်အညီ သီးနှံများစတင်စိုက်ပျိုးချိန်မှ စာသုံးသူလက်ဝယ်ရောက်သည်အထိ ၁။ အစားအစာအန္တရာယ်ကင်းရှင်းရေး၂။ သီးနှံများ၏အရည်အသွေး ၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၄။ လုပ်သားများကျန်းမာရေး၊ ဘေအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ (၄)ခုအားအသေးစိတ် ပြောကြားပြီး နောင်တစ်ချိန်တွင် GAPသီးနှံများ ရရှိအောင် စိုက်ပျိုးဆောင်ရွက်ပါက နိုင်ငံတကာဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း GAPလျှောက်ထားရာတွင်လိုအပ်သည့်အချက်အလက်များပြောကြားပြီး ကယားပြည်နယ် တောင်သူဦးကြီးများ GAPလက်မှတ်ရရှိအောင် လိုက်နာဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝိုင်းဝန်းပေါင်းစပ်လုပ်ဆောင်ကြရန် သင်တန်းပို့ချပြီးဝန်ထမ်းများနှင့်တောင်သူများမှ သိလိုသည့်အကြာင်းအရာများကိုအပြန်အလှန်ဆွေးနွေးကြပါသည်။