တနင်္သာရီတိုင်းဒေသကြီးတွင် (မြေ၊ မျိုး၊ ပိုး) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သင်တန်း၊ GAP စနစ် နှင့် Organic နည်းပညာဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းဖွင့်လှစ်


တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြေအသုံးချ၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး နည်းပညာပေးသင်တန်း ၊ GAP စနစ် နှင့် Organic နည်းပညာဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပညာပေးသင်တန်းအား တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်း ခန်းမ တွင် (၂၁.၈.၂၀၁၈) မှ (၂၆.၈.၂၀၁၈) ရက်နေ့အထိ (၆) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ၊ သင်တန်းသား (၅၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ပထမနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့သည်။ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မှ ဒေါက်တာကိုကို က သီးနှံကာကွယ်ရေး ဘာသာရပ်ကိုလည်းကောင်း၊ မှော်ဘီမျိုးသန့်ခြံမှ ဦးအေးချစ် (ဒု-ညွှန်ကြားရေးမှူး) မှ မျိုးစေ့ ဘာသာရပ်ကိုလည်းကောင်း၊ VFRTC မှ ဒေါက်တာ ဝဏ္ဏထွန်း မှ GAP နှင့် Organic စိုက်ပျိုးရေးနည်းပညာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မြေအသုံးချရေးဌာနခွဲမှ ဒေါ်ခင်ဝင်းမာ (ဒု-ညွှန်ကြားရေးမှူး) မှ မြေအသုံးချ ဘာသာရပ်ကိုလည်းကောင်း ပို့ချခဲ့သည်။

(၂၆.၈.၂၀၁၈) ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်းနှင့် တိုင်းဒေသကြီး ဦးစီးမှူး ဦးနိုင်ဦး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက် တို့မှ သင်တန်းသူ၊ သင်တန်းသားများ အား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းပို့ချခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။