စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာရဲတင့်ထွန်း နှင့် ဥယျာဉ်-ဇီဝဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးတာဝန်ရှိသူများ (GAP) Guidelineနှင့်အညီ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်​ဆေး

စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာရဲတင့်ထွန်း နှင့် ဥယျာဉ်-ဇီဝဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးတာဝန်ရှိသူများသည် မတ်လ ၇ ရက် နေ့လယ်ပိုင်းက ၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ပုန်းအင်းဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာသို့ရောက်ရှိကြပြီး တောင်သူများစိုက်ပျိုးထားရှိသည့် အာလူး (၁၁၉)ဧက နှင့်ကြက်သွန်ဖြူ(၃)ဧက စံပြစိုက်ခင်းများ ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) Guidelineနှင့်အညီ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဒေသနေတောင်သူများ၊ ကွင်းဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသောစိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများဖူလုံစွာစားသုံးနိုင်ရေး၊ ပိုလျှံသည်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် ဈေးကွက်ဝင်မျက်နှာပန်းလှစေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် လိုက်နာရမည့် နည်းစနစ် စံနှုန်းများ တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းကို တစ်ပြိုင်တည်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။