GAP စိုက်ပျိုးနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော သီးနှံများ နှင့် ၎င်းသီးနှံများ ရရှိနိုင်သော နေရာအား သိချင်ပါသည်။ GAP သီးနှံများ ဝယ်ယူ၍ ပြည်တွင်း စျေးကွက်တွင် ဖြန့်ဖြူး ပြီး စင်္ကာပူ သို့လည်း Export ပို့ချင်လို့ပါ။

GAP Certificate ရရှိထားသော မိတ္ထီလာခြံမှ သရက်၊ နဂါးမောက် သီးနှံများ ရရှိနိုင်ကြောင်း၊ အခြား ဟင်းသီးဟင်းရွက် သီးနှံများ လိုချင်ပါက GAP Certificate ရရှိပြီးသောစိုက်ပျိုးထုတ်လုပ်သူများနှင့် ဆက်သွယ် ဝယ်ယူနိုင် ပါသည်။