စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ကွင်းတွင် ဆောင်းသီးနှံဖြစ် သော ဂျုံ ၊ ကုလားပဲနှင့် စပ်မျိုးနေကြာများ၏ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ်ကွက်များနှင့် စံပြကွက်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားရာ (၈-၃-၂၀၁၉) ရက်နေ့တွင် ဂျုံ နှင့် ကုလားပဲသီးနှံများအား ရိတ်သိမ်းချွေလှေ့စက်များဖြင့်ရိတ်သိမ်းခြင်း ၊ စံပြကွက်အထွက်နှုန်းများသိရှိရန် စံကွက်ရိတ်သိမ်းခြင်း နှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်အင်း စိုက်ကွင်း၏ သီးနှံစိုက်ပျိုးဧရိယာများမှာ ချောင်းဦး-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် (၈)မှ(၃)မိုင် အကွာ နှစ်စဉ်ချင်းတွင်းမြစ်ရေဝင်ရောက်သော ပေါက်အင်းရေဝင်ဧရိယာအတွင်းတည်ရှိပါသည်။ ပေါက်အင်းစိုက်ကွင်းသည် မျိုးစေ့ထုတ်လုပ်ရေး အဓိကဆောင်ရွက်နေသော စိုက်ကွင်းတစ်ကွင်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ခုနှစ် စိုက်ပျိုးရာသီတွင် ကုလားပဲ (၁၄၀၀)ဧက၊ ဂျုံ (၆၉၀) ဧကနှင့် စပ်မျိုး နေကြာ(၁၀)ဧက စုစုပေါင်း(၂၁၀၀)ဧက နှစ်စဉ်စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ် ကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းအတွင်းရှိ တောင်သူများထံသို့ ဖြန့်ဖြူးပေးလျှက်ရှိသည်။

ကွင်းသရုပ်ပြပွဲပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် (စက်မှုသီးနှံ စိုက်ပျိုးပညာပေးရေး)၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒု-တိုင်းဦစီးမှူး ဦးအောင်မျိုးဦး၊ မုံရွာခရိုင်၊ ၊ စစ်ကိုင်းခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ တောင်သူလယ်သမားများ၊ ခြံစိုက်ကွင်းများမှဝန်ထမ်းများ စုစုပေါင်းအင်အား (၃၅၁) ခန့် တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး က အဖွင့်အမှာစကားပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြားကာ အလုပ်သမားရှားပါးမှု ဖြေရှင်းနိုင်ရေး အတွက် စက်မှုလယ်ယာစနစ်ပြောင်းလဲရန်နှင့် စက်ကိရိယာအသုံးပြုမှုဆိုင်ရာ နည်းပညာဗဟုသုတဆိုင်ရာများ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရဓာတ် ပြည့်ဝသောအစားအစာများ ထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကို လိုက်နာရန် လိုအပ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ဂျုံနှင့်ကုလားပဲ ရိတ်သိမ်း ခြွေလှေ့နေမှုကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများကွင်းဆင်းလေ့လာခဲ့ကြပြီး တောင်သူများ သိလိုသော ကုလားပဲမျိုးရရှိနိုင်မှုအခြေအနေနှင့် အခြားသိလိုသည်များကို သက်ဆိုင်ရာပညာရှင်ဝန်ထမ်းများက ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သတင်းရရှိသည်။