စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်းများ မျိုးစေ့ထုတ်စိုက်ကွင်းများ သို့ရောက်ရှိပြီး သက်ဆိုင်ရာ ကွင်းဝန်ထမ်းများ ဒေသနေတောင်သူများအား တွေ့ဆုံ၍ GAP စနစ်လိုက်နာကျင့်သုံးရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ဈေးကွက်သေချာသည့် သီးနှံပုံစံ ချမှတ်ဆောင်ရွက်နိုင်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။