ငရုတ်သီး

အမည်    – ငရုတ်

သိပ္ပံအမည်  – Capsicum annum , Capsicum frutescens

မျိုးရင်း  – Solanaceae

ငရုတ်သည် အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင် သီးနှံတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ငရုတ်အများဆုံး စိုက်ပျိုးထုတ်လုပ်နေသော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ တူရကီ၊ နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ စပိန်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ အီတလီ၊ ရိုမေးနီးယား၊ တန်ဇန်းနီးယားနှင့် အီဂျစ်နိုင်ငံတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး၂၀၁၄-၁၅ခုနှစ် စာရင်းအရ ငရုတ်စို စုစုပေါင်းစိုက်ဧရိယာ (၂၇၇၃၆) ဟက်တာ၊ ငရုတ်ခြောက် စုစုပေါင်းစိုက်ပျိုးဧရိယာ (၂၇၅၅၄၀) ဟက်တာ စိုက်ပျိုးလျက်ရှိပါသည်။ အထွက်နှုန်းများမှာ တစ်နှစ်လျှင် ငရုတ်စို တန်ပေါင်း (၇၇၄၆၃) တန်နှင့် ငရုတ်ခြောက်တန်ပေါင်း( ၁၂၀၈၃၄ ) တန်ထွက်ပါသည်။

ဈေးကွက်လိုအပ်ချက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ငရုတ်မျိုးကောင်းမျိုး သန့်များ အသုံးပြုသင့်သည်။ စိုက်ပျိုးမည့်သီးနှံမျိုးများနှင့် စိုက်ပျိုးနည်းစနစ်များသည်      ပိုးသတ်ဆေးအသုံးပြုမှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက်အသုံးပြု ဆောင်ရွက်သင့်သည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်သည် သီးနှံများထုတ်လုပ်စဉ် ရိတ်သိမ်းစဉ်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်းကိုင်တွယ်ခြင်းလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သော ထွက်ကုန်များ အန္တရာယ်ဖြစ်စေမှု လျော့နည်းနိုင်စေရန် ရည်ရွယ်ပါသည်။

မြန်မာ GAP သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေးကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့နည်းစေရန်နှင့် လုပ်သားများ ၏ကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေးတို့ကို ထည့်သွင်းစဉ်းစားဆောင်ရွက်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြစ်ပါသည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်များသည် တစ်ဦးချင်း (သို့) အဖွဲ့အစည်းများ အနေနှင့် GAP နည်းစနစ်နှင့်လိုက်နာဆောင်ရွက်၍ စိုက်ပျိုးထုတ်လုပ်သော ထွက်ကုန်များ အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ကာ စီးပွားရေးတွက်ခြေကိုက်စေသည့် နည်းစနစ်များပင်ဖြစ်ပါသည်။

မြန်မာ GAP နည်းစနစ်ဖြင့်ထုတ်လုပ်လိုက်သောထုတ်ကုန်များ အန္တရာယ်ကင်းရှင်း ကြောင်း ပွင့်လင်းမြင်သာမှုရှိစေရန် နောက်ကြောင်းပြန် စစ်ဆေးခံနိုင်ရမည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်များသည် ASEAN GAP၊ GLOBALGAP တို့ကို အခြေခံထားပြီး သီးနှံများအန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်၍ မြန်မာနိုင်ငံတွင်သာမက၊ အာဆီယံဒေသများနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်စေရန် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ကောင်းများဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (မြန်မာ-GAP)ဖြင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းကောင်း များကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

  • စိုက်ပျိုးမြေနှင့်အနီးပတ်ဝန်းကျင်ရှိ မြေသည်ဓါတုနှင့်ဇီဝဆိုင်ရာအန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ။ ဓာတ်ခွဲစစ်ဆေးရမည်။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။
  • ငရုတ်ကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး သဲနှုန်းမြေသည် အကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံးမြေချဉ်/ငံဓါတ်သည် (၅-၅.၇) အတွင်းဖြစ်သည်။ မြေကို ထယ်ရေး      နက်နက်ညက်ညက် ထွန်ပြီး ရေသွင်း၊ ရေထုတ်မြောင်းများ စနစ်တကျဖော်၍ ဆောင်ရွက်သင့်သည်။

ရေ

  • စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကိုအသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရလိုက်နာအသုံးပြုရန်)။
  • ငရုတ်စိုက်ပျိုးရာတွင် ပျိုးပင်ကို စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင် စိုက်ခင်း၌ အစိုဓါတ် မပြတ်စေရန် အထူးဂရုပြုသင့်သည်။
  • အပင်လှန်ချိန်အထိ အစိုဓါတ်မပြတ်စေရန်နှင့် ပန်းစတင်ပွင့်ချိန်ထိ ရေသွင်းပေးခြင်း     လုပ်ငန်းကို အထူးဆောင်ရွက်သင့်သည်။
  • မြေတွင်းအစိုဓါတ်နည်းသွားပါက အပွင့်အသီးများ ကြွေကျတတ်၍ ရေသွင်းခြင်းလုပ်ငန်း ကို အပင်အခြေအနေပေါ်မူတည်၍ ဆောင်ရွက်သင့်သည်။ (မှတ်ချက်- ရေများပြီး ရေဝပ် လျှင် အပင်သေနိုင်သည်။)
  • စိုက်ဘောင်ဖြင့်စိုက်ပျိုးပါက ရေလောင်းစနစ်၊ ရေဖျန်းစနစ်(sprinkler)၊ အစက်ချစနစ် (Drip irrigation) တို့ကိုဆောင်ရွက်ခြင်းဖြင့် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်သည်။ ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင် စိုက်ခင်း၌ အစိုဓါတ်မပြတ်စေရန် အထူးဂရုပြုရပါမည်။ အပင်လှန်ချိန်နှင့် ပန်းစတင်ပွင့်ချိန်တွင် အစိုဓါတ်မပြတ်စေရန် ရေသွင်းပေးခြင်းလုပ်ငန်း ကို ဆောင်ရွက်ပါ။
  • – သီးနှံစိုက်သည့် အကွက်များ၊ အခင်းများ (သို့) ဒေသများတွင် ရေများဖြတ်သန်းစီးဆင်း နေပါက မြေဆောင်ရောဂါများ၏ ရွှေ့လျားမှုကို ပိုမိုလျှင်မြန်တိုးတက်စေသည်။ သင်ပိုင်ဆိုင်သည့် စိုက်ခင်းတွင် ယခင်ကကျရောက်ခဲ့သည့် ရောဂါဧရိယာများကို      သိရှိပါက အဆိုပါဧရိယာ၏ အောက်ဘက်အရပ်ရှိ နေရာများတွင် ရောဂါကူးစက်နိုင် ကြောင်း သတိရှိရမည်။
  • ရေလိုအပ်ချက်မှာ – သင့်တော်သည့်အချိန်တွင် ရေပေးနိုင်ရန် အရေးကြီးသည်။ ရေများခြင်း၊ နည်းခြင်းသည် အပင်ကို ထိခိုက်နိုင်သည်။ သဲဆန်သောမြေဖြစ်ပါက ရေနည်းနည်းနှင့် အကြိမ်ရေများများသွင်းပေးရန်လိုအပ်ပြီး မြေစေးဖြစ်ပါက ရေများများ ကို အကြိမ်ရေနည်းနည်းဖြင့် သွင်းရန်လိုအပ်ပါသည်။ ရေနည်းလွန်းပါက- အထွက်နှုန်း လျော့နိုင်ခြင်း၊ အစာချက်နိုင်မှုနည်းနိုင်ခြင်း၊ အပင်ကြီးထွားမှုနှေးနိုင်ခြင်း၊ ပန်းမပွင့်နိုင် ခြင်း၊ အသီးတင်မှုနည်းခြင်း၊ အသီးဖြစ်ထွန်းမှုနည်းခြင်း၊ အသီးအရွယ်အစားသေးငယ် ခြင်း၊ အရည်အသွေးညံ့ခြင်းနှင့် ပန်းပွင့်များကြွေကျခြင်းတို့ဖြစ်ပါသည်။ ရေများလွန်း ပါက- မြေတွင် အောက်ဆီဂျင်ရရှိမှု မလုံလောက်ခြင်း၊ အပင်တွင် ညှိုးနွမ်းလာစေခြင်း၊ အမြစ်တွင် ရောဂါကျရောက်မှုဖြစ်နိုင်ခြင်းနှင့် အပင်ဖြစ်ထွန်းမှု နှေးကွေးစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။

မျိုးစေ့/ပျိုးပင်

  • ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်းငရုတ်မျိုး များကို ရွေးချယ်စိုက်ပျိုးသင့်သည်။
  • စိုက်ပျိုးမည့်မျိုးစေ့၊ ပျိုးပင်နှင့်မျိုးပွား အစိတ်အပိုင်းများရရှိသည့် ဒေသ၊ ရရှိသည့် အရေ အတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင်ထားရှိရမည်။
  • မြန်မာနိုင်ငံတွင်လက်ရှိစိုက်ပျိုးနေသော ငရုတ်မျိုးများမှာ မိုးထောင်မျိုး၊ အောက်စိုက်မျိုး၊ မိသားစုမျိုး၊ ငရုတ်ပွမျိုး၊ အတောင့်ရှည်မျိုးများဖြစ်သည်။
  • ရေမြေဒေသနှင့်ကိုက်ညီသော ဖလံဖြူကင်းပြီး အရောင်လှပသည့် အသီးမှမျိုးစေ့များကို ရွေးချယ်၍ စိုက်ပျိုးနိုင်ပါသည်။
  • စိုက်ပျိုးသည့်စနစ်ပေါ်ကိုမူတည်၍ တစ်ဧကလျှင်မျိုစေ့ (၅၀ – ၇၀) ဂရမ်လိုအပ်ပါသည်။ စျေးကွက်တွက်ချေကိုက်သည့် စျေးကွက်ဝင်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

  • စိုက်ပျိုးသည့်သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့်မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသောဓါတုနှင့် ဇီဝဆိုင်ရာပစ္စည်းများပါဝင် ခြင်းမရှိစေရ။
  • သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့်သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန်ဆောင်ရွက်ခြင်းတို့ကို မြေနှင့် ရေအရင်းအမြစ် သန့်ရှင်းမှုထိခိုက်စေသော နေရာများတွင်မပြုလုပ်ရ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် တရားဝင် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။
  • ငရုတ်အတွက် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများကို လိုအပ်ပါက စနစ်တကျထည့် ပေးသင့်သည်။ ဘောင်ဆွဲပြီး မြေခံမြေသြဇာ၊ ကွန်ပေါင်း (၁၅ ပတ်လည်) တစ်အိတ်၊ ထည့်ပေးသင့်ပါသည်။
  • ရွှေ့ပြောင်းစိုက်ပြီး (၂၀)ရက်သားတွင် ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သင့် သည်။ စိုက်ပြီးတစ်လသားတွင် ယူရီးယားအိတ်ဝက်ထည့်၍ မြေတောင်မြှောက်ပေးသင့် သည်။
  • – ခေါင်နှိမ်ခြင်း၊ ကိုင်းရွေးချယ်ခြင်းများ ပြုလုပ်သင့်သည်။ ရက်(၆၀)သားတွင် ယူရီးယား အိတ်ဝက်ထပ်မံထည့်၍ မြေတောင်မြှောက်ပါ။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းစနစ်များ ကိုအသုံးပြုရမည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း နှင့်လူသားတို့၏ကျန်းမာရေး ထိခိုက်မှုများမဖြစ်စေရေးကို အထူးဂရုပြုရမည်။
  • ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကို အသုံးပြုရမည်။ အပင်ထွက်ပိုးသတ်ဆေးနှင့် အဏုဇီဝပိုးသတ် ဆေးများကိုသုံးသင့်ပါသည်။
  • ဆေးဖျန်းပြီးနောက် ဆေးအုပ်စုအလိုက် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် ရက်ကာလအပိုင်း အခြားကို အတိအကျလိုက်နာရမည်။
  • ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းသင်တန်းများ တက်ရောက်ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းတွင်ရေးသွင်းထားရှိရမည်။
  • လောင်စာဆီ၊ ချောဆီနှင့်အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများညစ်ညမ်းမှု အန္တရာယ်အနည်းဆုံးဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင် ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကိုပြုလုပ်ရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ငရုတ်စိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။

၆-၁။ ပျိုးထောင်ခြင်း
  • ရွေးချယ်ထားသောပျိုးခင်းမြေနေရာအား မြေအောင်းပိုးမွှားနှင့်ရောဂါများကင်းစင် စေရန်အတွက်ကောက်ရိုး၊ မြက်ခြောက်နှင့်အမှိုက်များ ဖုံးအုပ်၍မီးရှိုပြီးသေချာစွာ မြေပြုပြင်သင့်သည်။
  • ပျိုးဘောင်ကိုပျိုးဘောင်ကို ဖျူရာဒန် 3G ဆေးဖြူးပေးပြီး သေချာစွာပြုပြင်ပါ။ (၆) လက်မအကွာ အတန်းလိုက် အစေ့ချပျိုးထောင်ပါ။ (သို့မဟုတ်) စပ်မြေထည့် ထားသည့် ပျိုးအိတ်တွင် အစေ့ချပျိုးထောင်ပါ။
  • ပူပြင်းသောရာသီတွင်ပျိုးဘောင်ကို အမိုးပြုလုပ်ပေးရန်လိုအပ်သည်။ မြေတွင်း​အောင်းပိုးမွှားဖျက်ဆီးမှုမှ ကာကွယ်ရန်ပုရွက်ဆိတ်ဖျက်ဆီးမှုမှ ကင်းရန်မျိုးစေ့ကို စီဗင်ဆေးမှုန့်လူးနယ်ခြင်း တို့ပြုလုပ်ပေးသင့်သည်။
  • ပျိုးခင်းအစိုဓါတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးသင့်သည်။ အပူချိန် ၂၅ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိပါက ၇-၈ ရက်ခန့်တွင် အပင်ပေါက်ပြီး အေးသော ရာသီဥတုအချိန်တွင် အပင်ပေါက်ရန်၁၅ရက်နှင့် အထက်ကြာနိုင်ပါသည်။ ပျိုးပင် ငယ်များ​ပေါက်လာပြီးပါက နေလောင်ခြင်းနှင့် နှင်းခါးရိုက်ခြင်းမှကာကွယ်ရန် အရိပ်စင်ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ပျိုးပင်သက်တမ်း ၂၅ရက်ခန့်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးသင့်သည်။
  • ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးပြီး ပထမဦးဆုံးဖြစ်လာသည့် ကိုင်းနှစ်ခွအောက်ရှိ ဘေးတက်များနှင့် ကိုင်းနှစ်ခွကြားရှိ အပွင့်အဖူးများကို (၂) ကြိမ် မှ (၃) ကြိမ် ဖယ်ရှားသင့်သည်။
၆-၂။ စိုက်ဘောင်ပြုပြင်စိုက်ပျိုးခြင်း
  • ရွေးချယ်ထားသော စိုက်ခင်းမြေနေရာအား မြေအောင်းပိုးမွှားနှင့်ရောဂါများ ကင်းစင်     စေရန်အတွက် ကောက်ရိုး၊ မြက်ခြောက်နှင့်အမှိုက်များ ဖုံးအုပ်၍မီးရှိုပြီး သေချာစွာ မြေပြုပြင်သင့်သည်။ မစိုက်ခင်စိုက်ဘောင်ကြောင်းပေါ်တွင် ၃ပေအကျယ်၂၅ပေ အရှည် ၆လက္မအမြင့်ဖြင့်ဘောင်ဆွဲသင့်သည်။
  • မြေတွင်း​အောင်းပိုးမွှားရန်မှ ကာကွယ်ရန်စိုက်ဘောင်ကို ဖျူရာဒန် 3G ဆေးဖြူးပေးကာ ရောင်ပြန်ပါသောပလပ်စတစ်စဖြင့် ဘောင်ကိုဖုန်းအုပ်ပေးခြင်းဖြင့် မြေတွင်းစိုထိုင်းဆ ထိန်းခြင်း၊ မြေအောင်းပိုးများသေစေခြင်း၊ ပေါင်းမြက်ကာကွယ်ပြီးဖြစ်ခြင်း၊ အပင်အား ကျွေးသည့် အာဟာရဓါတ်များ အပြည့်အဝရရှိစေခြင်း၊ ပိုးမွှားများကာကွယ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ ရွေ့စိုက်ပြီးစစိုက်ခင်းတွင် အစိုဓာတ်မပြတ်စေရန် ရေနည်းနည်းဖြင့် ပုံမှန်လောင်းပေးရန် လိုအပ်ပါသည်။ ကိုင်းတက်များစတင်ထွက်ရှိ လာပါက ပထမဆုံးထွက်သည့် ပန်းပွင့်နှင့်၄င်းအောက်မှ ဘေးတက်များအားလုံးဖြတ် ပေးသင့်သည်။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ခူးဆွတ်မည့်ငရုတ်သီးများအတွက် အသုံးပြုသောပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်း များနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီးထွက်ကုန်သီးနှံကို ညစ်ညမ်းမှုမရှိစေရ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများအသုံးပြုသည့် ပစ္စည်းများကိုတိတိကျကျ သတ်မှတ်ထားရမည်။ ၎င်းပစ္စည်းများဖြင့်် ငရုတ်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်းမပြုရ။
  • ထွက်ကုန်သီးနှံအတွက် အသုံးပြုနေသောပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် ထွက်ကုန်သီးနှံကို ညစ်ညမ်းမှုမရှိစေရ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများသိုလှောင်ရန် အသုံးပြုသည့်ပစ္စည်းများကို တိတိကျကျသတ်မှတ်ထားရမည်ဖြစ်ပြီး ၎င်းပစ္စည်းများတွင် ထွက်ကုန်သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်းမပြုရ။
  • ငရုတ်ခြောက်ပြုလုပ်ရာတွင် အသုံးပြုသော ရေနွေးအိုးများ၊ ဇကာများ၊ လှမ်းရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို အသုံးမပြုခင်ဆေးကြောသန့်စင်ပြီး အသုံးပြုပြီး သောအခါတွင်လည်း ပြန်လည်သန့်စင်ကာ သိမ်းဆည်းသင့်သည်။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

ခူးဆွတ်ပြီးငရုတ်သီးစိမ်းများနှင့် အခြောက်လှန်းပြီးသော ငရုတ်ခြောက်များကို မြေကြီး (သို့မဟုတ်)   ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့မဟုတ်) သိုလှောင်သည့် နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် သန့်ရှင်းသော အခင်း/ ခုံများပေါ်တွင် ထားရှိရမည်။

  • ရိတ်သိမ်းပြီးငရုတ်သီးများကို ရေနွေးဖျောရန်လိုအပ်သော ရေသည်သန့်ရှင်းစင်ကြယ်ရ မည်။
  • ငရုတ်သီးနှံအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်တန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
  • ငရုတ်ကိုမနက်စောစော ရာသီဥတုအေးသည့်အချိန်တွင် ခူးဆွတ်သင့်သည်။ မိုးရွာချိန်နှင့် မိုးရွာပြီးစစိုစွတ်ချိန်တွင် ခူးဆွတ်ခြင်းမပြုသင့်ပါ။
  • ခူးသောအခါ အသီးညှာကို ရှည်ရှည်ခူးယူသင့်သည်။ အညှာရင်းမှ ခူးယူခြင်းမပြုရ။ ငရုတ် ခြောက်အတွက် အသီးခူးသည့်အခါ မမှည့်သေးသောအသီးများ အမှည့်လွန်သောအသီး များမပါစေရန် ဂရုစိုက်သင့်သည်။ အမှည့်လွန်သီးများခူးပါက အသီးအရည်အသွေး ကျဆင်းစေသည်။
  • အစိမ်းအဖြစ်ခူးမည်ဆိုပါက အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် (သို့မဟုတ်) အရောင် ပြောင်းစအချိန်တွင်ခူးပါ။
  • အသီးများကို (၅)ရက်တစ်ကြိမ်ခူးရန် လိုအပ်ပါသည်။ မကြာခဏဆွတ်ခူးခြင်းအားဖြင့် အသီးအထွက်ကောင်းပြီး အပင်သက်တမ်းပိုရှည်စေပါသည်။ အသီးမှည့်သည်အထိထား ပါကအထွက်နည်းပြီး အပင်သက်တမ်းတိုစေပါသည်။
  • ငရုတ်ခြောက်အရည်အသွေးကောင်း ရရှိစေရန်အတွက်ပန်းပွင့်ပြီး (၆-၈) ပတ်အကြာ တွင်ကောင်းစွာရင့်မှည့်၍ အနီရောင်သန်းသောငရုတ်သီးများကိုသာ ဆွတ်ခူးပါ။
  • ငရုတ်သီးလှန်းစင်နှင့် အောက်ခံအခင်းကို မှိုရောဂါကျရောက်မှုကင်းဝေးစေရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ကြိုတင်ဖျန်းပေးရမည်။ ဓါတုဆေးအသုံးပြုပါက အသီး မခူးခင် (၂) ပတ်အတွင်းဆေးမဖျန်းရ။
  • အရောင်လှစေရန်မှိုတက်မှုမှကာကွယ်ရန်၊ ဖလံဖြူမှလျော့ချရန် ၆၀ဒီဂရီစင်တီဂရိတ်ခန့် ရှိသောရေနွေးတွင် ၃မိနစ်မှ ၅မိနစ်ခန့်အထိစိမ်၍ ရေစစ်ပြီးနေလှန်းပါ။
  • အခြောက်ခံရာတွင်ငရုတ်သီးများအားဖျာပေါ်/ စင်ပေါ်တွင်လှန်းပါ။
  • ငရုပ်ခြောက်များကို အာဖလာဖတာ့ဆင် (Aflatoxin) မှိုဆိပ် စစ်ဆေးပြီးမှသာရောင်းချ သင့်သည်။
  • Aflatoxin ဆိုသည်မှာ Mycotoxin မှိုများမှထုတ်သည့် ဓါတုပစ္စည်းများကဲ့သို့ အဆိပ် ဖြစ်စေနိုင်သည့် မှိုတစ်မျိုးဖြစ်သည်။ Aflatoxin မှိုဆိပ်ကို Aspergillus မှိုမျိုး စုများမှဖြစ်​ပေါ်လာသည်။ ပျဉ်းမျှအပူချိန် ၁၆ŸCတွင် ပေါက်ဖွားနိုင်ပါသည်။ အစေ့တွင်း ရေဓါတ်ပါဝင်မှု (Aw) 0.82 တွင်ရှင်သန်နိုင်ပြီး အပူချိန်၁၃ŸC မှ ၃၇ŸC အတွင်း ထိခံနိုင်ရည်ရှိပါသည်။
  • Aflatoxin မှိုဆိပ်ပါဝင်မှုဖြစ်ရခြင်းမှာသီးနှံများ၏ အစိုဓါတ်ပါဝင်မှု၊ သီးနှံအမျိုးအစား၊ သီးနှံ၏အပူချိန်၊ သိုလှောင်ရုံရှိ လေဝင်လေထွက်ကောင်းမှု (လေထုထဲရှိ အောက်ဆီဂျင် ပါဝင်မှု)၊ သီးနှံတွင်အဏုဇီဝ မှိုဆိပ်ပေါက်ရောက်မှု အခြေအနေ၊ သီးနှံရူပသွင်ပြင် ထိခိုက်ပျက်စီးခြင်းစသည့် အချက်များပေါ်တွင်မူတည်ပြီး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ငရုတ်ခြောက်များတွင် Aflatoxin မှိုဆိပ်ပါဝင်မှု ဒုတိယအများဆုံး တွေ့ရှိရပါသည်။ နိုင်ငံအသီးသီးတို့တွင် Aflatoxin ပါဝင်ခွင့်ကို နိုင်ငံအလိုက် မိမိနိုင်ငံ၏ ရေမြေသဘာဝ ပေါ်မူတည်ပြီး လူတို့စားသုံးသည့်သီးနှံနှင့် တိရိစ္ဆာန်အစားအစာတို့ကိုခွဲခြား၍ ဥပဒေ များပြဌာန်းကာ ကန့်သတ်ထိန်းချုပ်မှုများ ထားရှိကြသည်။ လူသားများစားသည့် မည်သည့်အစားအစာကိုမဆို Aflatoxin ပါဝင်မှုကို အရွယ်ရောက်သူများအတွက် 20 ppb၊ ကလေးများအတွက် 0 ppbနှင့် တိရိစ္ဆာန်များအတွက် 55ppbသာ ပါဝင်သင့် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO (World Healt Organization) မှ သတ်မှတ်ထားပြီး ဖြစ်ပါသည်။
  • Aflatoxin ပါဝင်မှုများသော အစားအစာများကို သုံးဆောင်ခဲ့လျှင် အစောတလျှင် ခံစားရမည့် ပြင်းထန်သော ရောဂါအခြေအနေမှာ ပန်ကရိယကင်ဆာနှင့် ကိုယ်ခံအား ဆိုင်ရာ အဆိပ်သင့်မှု ရောဂါများ ဖြစ်ပွားမည် ဖြစ်သည်။
  • စိုက်ခင်းတွင် သန့်ရှင်းရေးဆောင်ရွက်ရန်
  • သီးညှာပုတ်ရောဂါကို ကာကွယ်ရန်
  • ပင်ကျွင်းပင်ကျန်များအား ဖျက်ဆီးရန်
  • သီးလှည့်စိုက်စနစ်သုံးရန်
  • ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန်
  • ရိတ်သိမ်းပြီးနောက်ပိုင်း အခြောက်ခံရာတွင် သတ်မှတ်ထားသော အစိုဓါတ်ရာခိုင်နှုန်း အထိထားရန်
  • စိုက်ပျိုးထုတ်လုပ်သောသူများအနေဖြင့် အခြောက်ခံထားသော ငရုတ်ခြောက်များအား အလေးချိန်ရရှိရေးအတွက် ရေဖျန်းခြင်း၊ ရေထိုးခြင်းများ ပြုလုပ်၍ စျေးကွက်ကို တင်ပို့ရောင်းချခြင်း မပြုရန်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ငရုတ်သီးများကို ဓါတု၊ ဇီဝနှင့်ရုပ်ဝတ္ထုဆိုင်ရာညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင်သော

ကုန်ပစ္စည်းများနှင့်သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။

  • သယ်ယူပို့ဆောင်မည့်ယာဉ်များကို အသုံးမပြုမီသန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြား ပစ္စည်းများနှင့် ပိုးမွှားကျရောက်မှုရှိ/ မရှိကိုစစ်ဆေးရမည်။
  • အသီးစိမ်းကိုသိုလှောင်ပါက အသီးခူးပြီး (၇ မှ ၁၀) ဒီဂရီစင်တီဂရိတ်တွင် သိုလှောင် ရမည်။ အပူချိန် ၇ ဒီဂရီစင်တီဂရိတ်အောက်ရောက်ပါက အေးခဲနာများ၊ ရေစိုကွက်များ ဖြစ်ပေါ်နိုင်သည်။
  • အသီးခြောက်ကိုသိုလှောင်ပါက အသီးခြောက်၏အစိုဓါတ်၁၀ရာခိုင်နှုန်းတွင် လေလုံ၍ အေးမြခြောက်သွေ့သောနေရာတွင် သိမ်းဆည်းသင့်သည်။
  • ငရုတ်သီးများကို ထုပ်ပိုးရာတွင် အသီးကိုကောင်းစွာ အကာအကွယ်ပေးနိုင်သည့်နည်း ဖြင့်ထုပ်ပိုးခြင်းပြုသင့်သည်။ ထုပ်ပိုးခွံအတွင်းပိုင်းတွင် အသုံးပြုသောပစ္စည်းမှာ သန့်ရှင်းရမည်။ ထုတ်ကုန်၏အတွင်းအပြင်ပိုင်း မည်သည့်ပျက်စီးမှုကိုမှ မဖြစ်စေသော အရည်အသွေး ရှိသင့်သည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ထွက်ကုန်များအားထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှုနည်းပါးစေရန် သီးသန့်အဆောက်အဦများ တည်ဆောက် ခြင်း (သို့မဟုတ်)  သီးသန့်ဆောင်ရွက်မည့်နေရာများ သတ်မှတ်သင့်သည်။ ပြုပြင်ထိန်းသိမ်း ပေးသင့်သည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်းမပြုရ။
  • ငရုတ်ခြောက်ပြုလုပ်ပါက အမိုးအကာရှိသော အဆောက်အဦတစ်ခု လိုအပ်ပါသည်။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင် သည့်နေရာများတွင်မရှိစေရ။
  • မိုးမရွာမီ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းသည့်နည်းများကို ပြုလုပ်ရမည်။ မိုးရွာပြီး နောက်တွင်လည်း မြန်နိုင်သမျှမြန်မြန် ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်းကို ပြုလုပ်သင့်သည်။
  • မိုးသည်းထန်စွာရွာခြင်းနှင့် ရေလွှမ်းခြင်းတို့သည် အမြစ်ဇုံအတွင်းရှိ မြေအောင်းပိုး များကို နှိမ်နင်းမည့် ဓါတုဆေးများ ရေနှင့်အတူမျောပါသွားစေသည်။
  • ပင်လုံးပြန့် အင်းဆက်သတ်ဆေး/ နီမတုတ်သတ်ဆေးများအား အညွှန်းကိုသေချာစွာ ဖတ်၍ ငရုတ်နှင့် ခရမ်းချဉ်ပင်များ ကြီးထွားစဉ်တွင် သုံးပေးနိုင်သည်။
  • စွတ်စိုသောအခြေအနေများတွင် ဘတ်တီးရီးယားနှင့် မှိုရောဂါများ ဆိုးရွားစွာဖြစ်ပေါ် နိုင်သည်။ ကွင်းထဲရှိ ဘက်တီးရီးယားရောဂါများအတွက် ကော့ပါးကိုအခြေခံသော ဆေးများကိုသာ မှတ်ပုံတင်ထားပြီး အဆိုပါဆေးများမှာ ကာကွယ်ဆေးများသာဖြစ် သည်။
  • ငရုတ်နှင့် ခရမ်းချဉ်တို့တွင် ဘတ်တီးရီးယားရောဂါများ အလွယ်တကူကျရောက်နိုင် ပြီးအရွက်ဝါခြင်းနှင့် အရွက်ကြွေခြင်းတို့ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်သည်။

ငရုတ်သီးနှံတွင်အဓိကကျရောက်သော ပိုးမွှားများ

စဉ် ဖျက်ပိုးအမည် သိပ္ပံအမည် လက္ခဏာရပ် ကျရောက်ချိန် ကာကွယ်နှိမ်နင်းနည်း
၁။ သရစ်ပိုး Thrips tabaci ခေါင်ညွန့်သေခြင်း၊ ပန်းပွင့်များ ရေစိုနာ ကွက်ဖြစ်၍အရောင်ပြောင်းခြင်း၊ပုံသဏ္ဍာန် မမှန်ခြင်းတို့ဖြစ်မည်။ အရွက်များလိပ်၍ ကုပ်နေသည်ကို တွေ့ရသည်။ ပျိုးပင်ပေါက်အဆင့်မှ ခူးဆွတ်ရိတ်သိမ်းချိန်ထိ ကျရောက်နိုင်ပါသည်။ ပေါင်းမြက်များရှင်းလင်းပါ။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး  တစ်မျိုး မျိုး ပက်ဖျန်းပါ။
၂။ ပျပိုး Aphis gossypii အပွင့်များ အရွက်များ ပုံသဏ္ဍာန်မမှန် ခြင်း၊ အရောင်ပြောင်း၍ ညိုးသွားခြင်းနှင့် ကြပ်ခိုးမှိုများ ဖြစ်ပေါ်စေနိုင်သည်။ ပင်ပိုင်း ကြီးထွားမှု နှေးကွေးပြီး အပင်များပု၍  သေးကွေးခြင်း ဖြစ်ပေါ်မည်။ ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက် နိုင်ပါသည်။ အပင်များအားလေဝင်လေထွက်ကောင်းစေရန် ကိုင်းခုတ်/   ကိုင်းဖြတ် ခြင်းများပြုလုပ်ပါ။ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။
၃။ မွှားပင့်ကူနီ Tetranychusspp. အရွက်မျက်နှာပြင်ကို လှီးဖြတ် စုပ်စား သည်။ အပ်ဖျားခန့်အဖြူစက်များ တွေ့ရ သည်။ ဆိုးဝါးစွာကျရောက်ပါက အရွက် များ ဝါ၍ ခြောက်သွေ့ကုန်သည်။ အပင်သက်တမ်းတစ်လျောက် ကျရောက် နိုင်ပါသည်။ မွှားပင့်ကူနီသတ်ဆေး အာနိသင် ရှိသောဆေးတစ်မျိုးမျိုးပက်ဖျန်း ပါ။

ငရုတ်တွင်ကျရောက်သောရောဂါများ

စဉ် ရောဂါ ရောဂါဖြစ်စေသောသက်ရှိ ရောဂါလက္ခဏာရပ် ကျရောက်သည့်အချိန် ကာကွယ်နှိမ်နင်းနည်း
၁။ ကိုင်းဖျားခြောက်ရောဂါ (Dieback)မှဲ့ပြောက်စွန်း ရောဂါ (Anthracnose)

 

 

Colletotrichum capsici ငရုတ်ပွင့်များ စတင်ညှိုးနွမ်း     ငိုက်ကျလာပြီး တဖြည်းဖြည်း ခြောက်၍ အချို့ကြွေကျသွားသည်။ ၄င်းမှိုရောဂါသည် အပွင့်မှတဆင့် ပွင့်ညှာကိုဖြတ်၍ အကိုင်းအထိ  ကူးစက်သွားကာ ကိုင်းဖျားခြောက် ရောဂါကိုဖြစ်စေသည်။ ရောဂါရ ငရုတ်ပင်များတွင် ကိုင်းတစ်ခြမ်း  (သို့) ကိုင်းတစ်ခုလုံး ခြောက်နေ သည်ကိုတွေ့ရသည်။ ရင့်မှည့်သော အသီးများပေါ်တွင်ရေစိုနာအကွက်များစတင်ဖြစ်ပေါ်ပြီးနောက်      တဖြည်းဖြည်း ကျယ်ပြန့်ကာ နီညို ရောင်အနာကွက်များပေါ်တွင် အမဲစက်အဖုငယ်များ ဖြစ်ပေါ်လာ သည်။ မှိုစပိုးများသည် ဒဏ်ရာ ရနေသော နေရာများမှတဆင့် ဝင်ရောက်နိုင်သည်။ မိုးရာသီ ငရုတ်ပွင့်ချိန်နှင့် အသီးသီးချိန်များတွင် စတင် ကျရောက်သည်။ လေဝင်လေထွက်ကောင်းမွန် အောင်ပြုလုပ်ပါ Homai ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ အပွင့်ပွင့်ချိန်မတိုင်ခင်တွင် Azoxystrobin, Thiophanate methyl, Carbendazim, Chlorothalonil ဆေးများကို အသုံးပြု      ပက်ဖျန်းပါ။ရောဂါကျ အပင်အင်္ဂါအစိတ် အပိုင်းများ စုပုံမီးရှို့ ဖျက်ဆီး ပါ။
ဘက်တီးရီးယားပင်ညှိုး ရောဂါ

(Bacterial Wilt)

Pseudomonas solanacearum အပင်ကြီးများတွင် အောက်အရွက် မှလည်းကောင်း၊အပင်ငယ်များတွင် အပေါ်ရွက်မှလည်းကောင်း စတင် ညှိုးသွားသည်။ ရက်အနည်းငယ် ကြာသော် ရုတ်တရက် တစ်ပင်လုံး ညှိုးနွမ်းသွားသည်။ အရွက်ဝါခြင်း ကို မတွေ့ရှိရပါ။ ပင်စည်၏ အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင်နှစ်ကြည့်ပါက နွားနို့နှစ် ရောင် ဘက်တီးရီးယား စိမ့်ထွက် ရည် ထွက်လာသည်ကိုတွေ့ရသည်။ အပူပိုင်း၊သမနွေးပိုင်းရာသီဥတုရှိသော ဒေသများတွင် မိုးများသောအချိန်၌အဓိက ရောဂါကျရောက်သည်။ စိုက်ခင်းထဲတွင် မြေအစို ဓာတ်များခြင်း၊ ရေဝပ်ခြင်း များရှိပါကရောဂါလျှင်မြန်စွာ ကျရောက်စေသည်။ မျိုးရင်းမတူသောသီးနှံများ နှင့် အလှည့်ကျစိုက်ပျိုးပါ။Kasuminဆေးကို ဆေး(၁)ဆ၊ ရေ(၁၀၀၀) ဆ နှုန်းဖျော်၍ ပျိုးပင်များကို (၅)မိနှစ်ခန့် စိမ်၍ စိုက်ပါ။ စိုက်ခင်း သန့်ရှင်းရေးကို ဆောင်ရွက်ပါ။ သီးနှံ သိမ်းပြီး ပါကမြေလှန်ပေးပါ။ ကော့ပါး ပါသော ဆေးများကိုလည်း အသုံးပြု ပက်ဖျန်းနိုင်သည်။
သီးမှည့်ပုပ်ရောဂါ(Fruit Rot) Gloeosporiumpiperatum ခူးပြီးအသီးမှည့်များနှင့် အပင်ပေါ် မှည့်နေဆဲအသီးများပေါ်တွင် ကျလေ့ရှိသည်။ အသီးပိုင်းတွင် အညိုရောင်အကွက်ဖြစ်လာပြီး ချိုင့်လာကာ တဖြည်းဖြည်းရှုံ့တွန့် လာသည်။ နောက်ဆုံးတွင် ရောဂါရ အသီးများရှုံ့တွန့်ပြီးခြောက်၍ ပုပ်သွားသည်။ လက်ခံပင်များပေါ်ရှိ မှိုစပိုး များကို လေ၊ ရေနှင့် သယ်ဆောင်ကာ အသီး များပေါ်၌ကျပြီး ရောဂါ ဖြစ်ပွားနိုင်သည်။ ရောဂါရအသီးများတွေ့ရှိပါကခူးဆွတ်ပြီးစုပုံမီးရှို့ဖျက်ဆီး ပစ်ပါ။ အပွင့်ပွင့်ချိန်မတိုင်ခင် တွင် Azoxystrobin ၊ Thiophanate methyl ၊ Carbendazim၊ Chlorothalonil ဆေးများ ကိုအသုံးပြုပက်ဖျန်းပါ။
ဖားမျက်စိရောဂါ(Frog Eye Spot) Cercospora capsici ရောဂါအကွက်များကို မြေကြီးနှင့် ကပ်လျက်ရှိသော အပင်၏အောက်ရွက်များတွင် အများဆုံး တွေ့ရသည်။ ရောဂါအကွက်များ သည် အလယ်တွင် ဆဲလ်သေကွက် ဖြစ်ပြီး မီးခိုးညိုရောင် ရှိသည်။ ၄င်းအကွက်များသည် အသီး ခူးဆွတ်ချိန်နီးလာသည်နှင့်အမျှ ဆဲလ်သေကွက်များတဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာပါသည်။

 

အပင်ငယ်စဉ်မှစ၍ ကျရောက်သည်။ Nitrogen ဓာတ်မြေသြဇာကို လွန်ကဲစွာသုံးစွဲခြင်းမှ ရှောင် ကြဉ်ပါ။ Copper ပါသော ဆေးများ Carbendazim ၊ Benomyl ၊Thiophanate methyl ဆေးများကို အသုံးပြု ပက်ဖျန်း ပါ။
ခါးရိရောဂါ(Damping-off)

 

Pythium spp. ပျိုးခင်း၌ပျိုးပင်၏အမြစ်နှင့်အပင် ခြေနား(Hypocotyl)တွင် ရေစိုနာ ကွက်များဖြစ်ပေါ်လာသည်ကို တွေ့ရ သည်။  ၄င်းရောဂါကျရောက်လျှင် အစေ့စိုက်ပြီးနောက် အညှောင့်ပေါက် ခြင်းသို့ မရောက်ရှိတော့ပါ။ ပျိုးပင် ပေါက်လာခဲ့လျှင်လည်း အပင် ပေါက်ပြီး မကြာခင် သေဆုံးသွား သည်။ ပျိုးပင်အဆင့်တွင် အများဆုံးကျရောက်သည်။ ပျိုးခင်းတွင်အစိုဓာတ်မများ စေရန်၊ လေဝင်လေထွက် ကောင်းစေရန် ဂရုစိုက် ဆောင်ရွက်ပါ။ ရောဂါကွက် စတင်တွေ့ရှိပါက  Azoxystrobin , Metalaxyl, Mancozeb, Captan ဆေးတစ်မျိုးမျိုး အသုံးပြုပက်ဖျန်းနိုင်သည်။
၆။ ရွက်လိပ်ရွက်တွန့်ဗိုင်းရပ်(စ်) ရောဂါChili Leaf Curl Virus

 

ဗိုင်းရပ်(စ်)ကြောင့်ဖြစ်ပေါ်သော ရောဂါဖြစ်ပြီးအရွက်များတွန့်လိမ် ခြင်း၊ ရွက်ကြောများကြားတွင် ရှုံ့တွ ခြင်း၊ အဖုအဖောင်းများဖြစ်ပေါ်ခြင်း နှင့် ရွက်ကြောများထူလာခြင်းတို့ ဖြစ် သည်။ ကနဦးအဆင့်တွင် ကြားဖူး များသည် အရွယ်အစားသေးငယ်ပြီး အစုလိုက်ဖြစ်ပေါ်လာသည်။ စစိုက်သည်မှရိတ်သိမ်းချိန်အတွင်းအပင်၏မည်သည့်သက်တမ်း၌မဆိုကျရောက်သည်။ ယင်ဖြူကြောင့် ကူးစက်ပျံ့နှံ့ သည်။ ကာကွယ်နှိမ်နှင်းရန် နည်းလမ်းများမှာ ရောဂါကျ နေသောအပင်များအား ဖယ်ရှား ပစ်ခြင်း၊ ဌာနမှ ထောက်ခံထား သောပိုးသတ်ဆေးများကို ပက်ဖျန်းပေးခြင်းတို့ ဖြစ်သည်။

အထောက်အထားနှင့်မှတ်တမ်းများ

  • ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများ ကိုအနည်းဆုံး (၂) နှစ်သိမ်းဆည်းထားရမည်။
  • ငရုတ်သီးခြောက်ပြုလုပ်ရာတွင် လုပ်ငန်းခွင်တွင်ပါဝင်သော လုပ်သားများသည် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြုရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ လုပ်သားများအတွက် မှတ်တမ်းများထားရှိရမည်။
  • လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့်အမှတ်အသားနှင့် မှတ်ပုံတင်အမှတ် အသားပြုလုပ်ထားရှိရမည်။
  • သီးနှံထွက်ကုန်ပစ္စည်းတစ်ခုခြင်းစီအတွက် တင်ပို့ရာနေရာနှင့် ပေးပို့သည့်ရက်စွဲကို မှတ်တမ်းတွင် ရေးသွင်းထားရှိရမည်။

သင်တန်း

  • ထုတ်လုပ်သူနှင့် လုပ်သားများအား မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများ ရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။ ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးအခြေခံသော သင်တန်းများကိုလည်း တက်ရောက်ထားသင့်ပါသည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ထုတ်လုပ်သူများအနေဖြင ကျင့်သုံးနေသည့်နည်းလမ်းများအား မှန်မှန်ကန်ကန်ဆောင်ရွက် ကြောင်းသေချာစေရန် ဆောင်ရွက်ချက်အားလုံးကို သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် များပါဝင်သောအဖွဲ့ဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤဆောင်ရွက်မှု များအတွက်မှတ်တမ်းများ ထိန်းသိမ်းထားရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်  ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည်ဖြစ်သည်။ သို့မဟုတ် လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက်စွန့်ပစ်ရမည်။
  • လုပ်သားများကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက်ပေးသင့် သည်။
  • လုပ်သမားများ၏ သာယာဝပြောရေးနှင့် ကျန်းမာရေးနှင့် ပါတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်သည့်ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သော ထွက်ကုန်များ ရရှိရန်သီးနှံအလိုက် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက်ဆောင်ရွက်ရမည်။

မှီငြမ်းကိုးကားချက်များ

  • ဥယျာဉ်-ဇီဝဌာနခွဲ (၂၀၁၆)၊ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ မြန်မာ-GAP ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (၂၀၀၀) ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။
  • သီးနှံကာကွယ်ရေးဌာနခွဲ (၂၀၀၆)၊ ဟင်းသီးဟင်းရွက်တွင်ကျရောက်တတ်သော ပိုးမွှား ရောဂါနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာ

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ။

  • Shika Agblor and Doug Waterer (2001)၊ Peppers Post-harvest Handling and Storage. Guide H-236၊ Department of Plant Sciences, University of Saskatchewan, Canada- Saskatchewan Irrigation Diversification Centre
  • Department of Employment, Economic Development and Innovation, (2011)၊ Managing capsicum, chilli, eggfruit and tomato crops during wet weather ။
  • Fact Sheet, Chillies & The Aflatoxin Contamination, Organization Of American States in cooperation with the Mayan Reserve Foundation
  • http://www.slideshare.net/csapramod/major-diseases-of-chilli
  • http://thepepperseed.com/growing-peppers/how-and-when-to-water-pepper-plants/
  • starkeayres.co.za/com…/Sweet-&-Hot-Pepper-Production-Guideline-2014.pdf