စက်တင်ဘာလ(၂၃)နေ့တွင် ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေ ဦးဆောင်သော ခရိုင်(၅)ခရိုင်နှင့် မြို့နယ်(၁၇)မြို့နယ်မှ စိုက်ပျိုးရေး ဝန်ထမ်း(၁၂၀)ဦးတို့သည် စစ်တွေ ခရိုင်နှင့် မြောက်ဦးခရိုင်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာများနှင့် မင်းပြားမြို့နယ်ရှိ ဧက(၈၀) မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်ခြံများ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်မြက်လှဲကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(၃၁၈)ဧကတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား အသေးစိတ် ရှင်းလင်းပြသကြသည်။ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ(အောက်မြက်လှဲ)တွင် မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်စိုက်ခင်း၊...
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြေအသုံးချ၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး နည်းပညာပေးသင်တန်း ၊ GAP စနစ် နှင့် Organic နည်းပညာဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပညာပေးသင်တန်းအား တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်း ခန်းမ တွင် (၂၁.၈.၂၀၁၈) မှ (၂၆.၈.၂၀၁၈) ရက်နေ့အထိ (၆) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ၊ သင်တန်းသား (၅၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ပထမနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး...
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၏ ကြီးကြပ်စီစဉ်မှုဖြင့် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံလားဟူ၊ အာခါတောင်သူများအား “ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် စေရေး ” တို့အားရည်ရွယ်ပြီး (၂၉.၁.၂၀၁၉) ရက်နေ့ နံနက်(၉း၃၀)မှ စတင်၍ တောင်သူ(၆၄)ဦးဖြင့် လေ့လာရေး ခရီး ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံသို့ ရောက်ရှိလာရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပါလျှံဥယျာဉ်ခြံ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်...
ယနေ့ပြင်ဦးလွင်မြို့နယ်ပြည်သူတွေ့ဟင်းသီး/ရွက်တွေကိုစားသုံးကြရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာစားသုံးနိုင်ရေး စားသုံးသူပြည်သူအများအဆိပ်အတောက်မဖြစ်စေရန်ပင်လိန်(အရှေ့) ကျေးရွာအုပ်စုရှိ ဟင်းသီး/ရွက် စိုက်ပျိုးသောတောင်သူများအား (ဟင်းသီး/ရွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP) နည်းပညာပေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး မျိုးစေ့/မြေဩဇာနဲ့ သီးနှံပိုးမွှားရောဂါကာကွယ်ရေးတာဝန်တို့ဦးဆောင်ပြီး ခရိုင်/မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများနှင့်ပူးပေါင်းလျက်နည်းပညာပေးသင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။(ပြည်သူတွေ နေ့စဉ်စားသုံးလျက်လျက်ရှိသော အသီးအနှံများ အဟာရပြည့်ဝပြီး ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာနဲ့ဘေးကင်းစွာ စားသုံးနိုင်ကြပါစေလို့)ဆုတောင်းပေးပါတယ်ခင်မျာ။
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ဦးဆောင်သည့် မြန်မာ GAP အကောင်အထည်ဖေါ်ရေးနည်းပညာပေးအဖွဲ့သည် ဇွန်လ(၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းကျေးရွာ၌ တောင်သူ(၇၀)ဦးနှင့် ဖါးဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာတွင် တောင်သူ(၁၂၇)ဦးတို့အား သင်တန်းပို့ချခဲ့သည်။နည်းပညာပေးအဖွဲ့သည် ဘောလခဲမြို့နယ်၊ မိုင်းထမ်းအုပ်စု၊ ရှမ်းပိုင်းကျေးရွာနှင့်ရေနီပေါက်ကျေးရွာတို့တွင်GAP စနစ်ဖြင့်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှမ်းစံပြကွက်များနှင့် နှမ်းသုတေသနစမ်းသပ်ကွက်များကိုလည်း ကွင်းဆင်းစစ်ဆေး အားပေးခဲ့ကြသည်။ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် နှမ်းများကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

RECENT POSTS