မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ကွင်းရှိ စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက်မှ စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် ဧက (၁၀၀) စိုက်ခင်းကို GAP Certificate ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူ း ဦးဇော်လင်း ဦးဆောင်သောပညာရှင်အဖွဲ့သည် စက်တင်ဘာလ ၃၀ရက်နေ့က ပထမအကြိမ် ကွင်းဆင်းစစ်ဆေးကြသည် ။

စိမ်းလန်းစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလိမီတက် စိုက်ခင်းတွင် မုန်ညင်းဖြူ ၊ မုန်ညင်း
စိမ်း ၊ ကိုက်လန် ၊ ယုဆိုင် ၊ ကန်စွန်းရွက် ၊ ဟင်းနုနွယ် ၊ ဆလပ်ရွက် ၊ ချဉ်ပေါင်ရွက် ၊ ထိုင်ဝမ် မုံညင်း တို့ကိုအဓိကစိုက်ပျိုးထားပြီး တစ်နေ့လျင် (၈) တန် မှ (၁၀) တန်ထိ ထွက်ရှိပြီး ပြည်တွင်းဈေးကွက် အနေဖြင့် ရန်ကုန်မြို့ ရှိဈေးများသို့နေ့စဉ် တင်ပို့ရောင်းချလျှက် ရှိသည့်အပြင် ပြည်ပဈေးကွက် အနေဖြင့် စင်္ကာပူ နှင့် ရုရှားနိုင်ငံ များသို့စမ်းသပ်တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

သတင်းအရင်းအမြစ်- တိုင်းဒေသကြီး စိုက်ပျိုးရေး/ Doa Bureau