ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံး၊အစည်းအဝေးခန်းမ၌(၃.၄.၂၀၁၉)ရက်နေ့မှ(၄.၄.၂၀၁၉)ရက်နေ့အထိကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်မှလက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားအကျိုးရှိရှိထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ပထမဦးစွာ ခရိုင်ဦးစီးမှူးများ ၊မြို့နယ်/မြို့ဦး စီးမှူးများ၊ခြံဦးစီးမှူးများ ကတစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် မိမိ တို့ဒေသအလိုက်လုပ်ငန်းများဆောင် ရွက် နေမှုအခြေအနေများအားရှင်းလင်းတင်ပြ ကြပြီး၊ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးတင်ဦးကြိုင်က ရှမ်းပြည်နယ်အတွင်းရာသီအလိုက်သီးနှံစိုက် ပျိုးထားရှိမှု များနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တောင်ကြီးမြို့နယ်၊ညောင်စဉ်ကျေးရွာ ၊မြန်မာဆယ်မားအူးလ်အွန်ဒုံ ဥက္ကဌ ဦးခွန်ချမ်းသာက မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံ ကိန်းအောင်မြင်မှုအခြေ အနေများကိုရှင်း လင်းတင်ပြခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင်းဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်ကစိုက်ပျိုးရေးဦးစီဌာန ဝန်ထမ်းများ အနေဖြင့်မကြာမီအချိန်ကာလတွင်စိုက်ပျိုး ရာသီစတင်လာတော့မှာဖြစ်၍ စိုက်ပျိုးရာသီအစမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ကိုအခုလိုအစည်းအဝေးခေါ်ဆောင်ပြီးရှေ့လုပ် ငန်းစဉ်များဆွေးနွေးခြင်းဟာကောင်း မွန်တဲ့အစည်းအဝေးဖြစ်ပါကြောင်း၊စိုက်ပျိုးရာသီမှာဒေသနဲ့ကိုက်ညီပြီးဈေးကွက်အလားအလာရှိသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းတွေကို စပါးသီးနှံသာမက ပဲပုတ်နှင့် အခြားသီးနှံ များကိုလည်းပီပြင်စွာ လုပ်ကြရန်လိုအပ်ပါ ကြောင်း၊ ခရိုင်အဆင့်၊မြို့နယ်အဆင့်ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြကျေးရွာတွေကိုလည်းထိထိရောက်ရောက် ပိုမို တိုးချဲ့လုပ်ကိုင်ကြရန်တိုက်တွန်းလိုပါကြောင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ဆောင်ရွက်မည့် ၂၀၁၉- ၂၀၂၀ ခုနှစ်အတွက် တစ်ခရိုင်နှစ်ရွာဖြင့် ၂၄ ရွာ၊ တစ်မြို့နယ် တစ်ရွာဖြင့် ကျေးရွာ ၅၀ ၊ စုစုပေါင်း၇၄ရွာကိုထပ်မံ
ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်တယ်လိုသိရှိရပါကြောင်း၊ GAP အသိအမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်ရာမှာ
သီးနှံစိုက် တောင်သူများ သာမက စိုက်ပျိုးရေးခြံများမှလည်းGAPအသိအမှတ်ပြု လက်မှတ်ရရှိအောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မျိုးကောင်း၊မျိုးသန့်၊ပျိုးပင် ဖြန့် ဖြူးနိုင်ရေးအတွက် အစားထိုးသီးနှံ စိုက်ပျိုးတဲ့မြို့နယ် တွေမှာ ပျိုးစင်များပြု လုပ်ဆောင်ရွက်ထားသလိုအခြားဒေသတွေ မှာလည်း သရက်၊ကော်ဖီ၊လက်ဖက်ကဲ့သို့သောသီးနံများကို ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊မျိုးသန့်ပျိုးပင်များကို တ ကယ် လိုအပ်သောတောင်သူများထံသို့ ရောက်ရှိပြီးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည်အထိဆောင်ရွက် ပေးသွားရန်လိုအပ်ပါကြောင်းလုပ်ငန်းလမ်းညွှန်မှာကြားခဲ့ပါသည်။