Myanmar GAP Protocol နှင့် ဥယျာဉ်ခြံသီးနှံ (၉) မျိုးတို့၏

မြန်မာ GAP Guideline

နိုဝင်ဘာလ၊ ၂၀၁၇ခုနှစ်

မြန်မာ GAP- Protocol

(ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လယ်ယာသီးနှံ နှင့် နှစ်ရှည်သီးနှံ)

နိဒါန်း

မြန်မာ GAP  သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ၊ ထုတ်ကုန် အရည်အသွေးကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့နည်းစေရန်နှင့် လုပ်သားများ ၏ ကျန်းမာရေးနှင့် လူမှုဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်ပါသည်။ မြန်မာ GAP ဆောင်ရွက်နည်း စနစ်သည် သီးနှံများ စိုက်ပျိုးထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ် နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်း လုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သော ထွက်ကုန်များ အန္တရာယ်ဖြစ်စေမှု လျော့နည်းနိုင်စေရန် ရည်ရွယ်ပါသည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်များသည် တစ်ဦးချင်း (သို့) အဖွဲ့အစည်းများ အနေနှင့် GAP နည်းစနစ်နှင့် လိုက်နာဆောင်ရွက်၍ စိုက်ပျိုးထုတ်လုပ်သော ထွက်ကုန်များ အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ကာ စီးပွားရေး တွက်ခြေကိုက်မည့်       နည်းစနစ်များ ဖြစ်ပါသည်။ မြန်မာ GAP နည်းစနစ်ဖြင့် ထုတ်လုပ်လိုက်သော ထုတ်ကုန် များ အန္တရာယ်ကင်းရှင်းကြောင်း ပွင့်လင်းမြင်သာမှုရှိစေရန် နောက်ကြောင်းပြန် စစ်ဆေး ခံနိုင်ရမည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်များသည် ASEAN GAP ၊ GLOBAL GAP တို့ကို အခြေခံပြီး သီးနှံများ အန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်၍ မြန်မာနိုင်ငံတွင် သာမက၊ အာဆီယံဒေသများနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်စေရန် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ကောင်းများ ဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (မြန်မာ-GAP) လိုက်နာဆောင်ရွက်ရမည့်  နည်းလမ်းကောင်းများကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

  • စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေသည် ဓါတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ။ စိုက်ကွင်းမြေပုံ နှင့် မှတ်တမ်း ထားရှိရမည်။

ရေ

  • စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေ အရည်အသွေးကို ဓါတ်ခွဲ စစ်ဆေးရမည်။
  • မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသော ရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုး ရေညစ်များကို ပြန်လည် စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာအသုံးပြုရန်)။

မျိုးစေ့/ပျိုးပင်

  • ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။
  • စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်း များ ရရှိသည့် နေရာ၊ ရရှိသည့်အရေအတွက် နှင့် ရရှိသည့် နေ့စွဲ တို့ကို မှတ်တမ်းတင် ထားရှိရမည်။

မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက် ပစ္စည်းများ

  • စိုက်ပျိုးသည့် သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်)မြေဆီလွှာဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှု  များ မရှိစေရ။
  • သဘာဝ မြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ  အသုံးပြုရမည်။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊  အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့် ရေအရင်း အမြစ် သန့်ရှင်းမှု ထိခိုက်စေသော နေရာများတွင် မပြု လုပ်ရ။
  • မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မှတ်ပုံတင်ထားသော ပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများတွင် ရေးသွင်း ထားရှိ ရမည်။

စိုက်ပျိုရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်းများ

  • ဓါတုဆေးများ အသုံးပြုမှုအနည်းဆုံး ဖြစ်စေရန် ဘက်စုံ ပိုးမွှားကာကွယ်ရေး နည်းစနစ်များကို အသုံးပြုရမည်။
  • ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြုရ မည်။
  • ဓါတုဆေးများကို အသုံးပြုရန် လိုအပ်ပါက တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကို သာ အသုံးပြုရမည်။
  • ဆေးဖျန်းပြီးနောက် အသုံးပြုမည့် ဆေးအုပ်စုအလိုက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်  ကာလအပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
  • ပိုးသတ်ဆေး စနစ်တကျကိုင်တွယ် သုံးစွဲနည်းများကို သိရှိ နားလည် ထားရမည်။
  • ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍  မှတ်တမ်းများ တွင် ရေးသွင်းထားရှိရမည်။
  • လောင်စာဆီ၊ ချောဆီနှင့် အခြားသော စိုက်ပျိုးရေးသုံး မဟုတ်သည့်ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှု အန္တရာယ် အနည်းဆုံးဖြစ်စေရန် ကိုင်တွယ် အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရမည်။

အပင်ပြုစု စောင့်ရှောက်ခြင်း

  • သီးနှံအလိုက် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက် ဆောင်ရွက်ရမည်။

စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းကိရိယာများ

  • ထွက်ကုန်သီးနှံအတွက် အသုံးပြုသော ပစ္စည်းကိရိယာ များ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး ထွက်ကုန် သီးနှံကို ညစ်ညမ်းမှု မရှိစေရ။
  • စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ် ဖြစ်စေသည့် အရာများ  အသုံးပြုသည့် ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၎င်းပစ္စည်းများဖြင့်် ထွက်ကုန်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

  • သီးနှံများကို မှန်ကန်သော ရင့်မှည့်မှု့ရှိသည့် အချိန်တွင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
  • ရိတ်သိမ်းပြီး ထွက်ကုန်သီးနှံများကို မြေကြီး(သို့မဟုတ်)    ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့မဟုတ်) သိုလှောင် သည့်နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် သန့်ရှင်းသော အခင်း/ ပစ္စည်းပေါ်တွင် ထားရှိရမည်။
  • ဆေးကြောသန့်စင်ရန် လိုအပ်သော သီးနှံနှင့် အစိတ် အပိုင်းများ အတွက် အသုံးပြုသော ရေသည် သန့်ရှင်း  စင်ကြယ်ရမည်။
  • သီးနှံအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်တန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ထွက်ကုန်များကို ဓါတု၊ ဇီဝနှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ် ရမည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာ သုံးကိရိယာများ အပါအဝင် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်း မပြုရ။
  • သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ  သန့်ရှင်းမှု၊ ဓါတုဆေး ဖိတ်စင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျ ရောက်မှု ရှိ/မရှိ  စစ်ဆေးရမည်။

အဆောက်အဦများ ဆောက်လုပ်ထားခြင်း

  • ထွက်ကုန်များအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း နှင့် သိုလှောင်ထားရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ် ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦများ တည်ဆောက်ခြင်း (သို့မဟုတ်)  သီးသန့်ဆောင်ရွက်မည့် နေရာများ  သတ်မှတ်ရမည်။  ပြုပြင် ထိန်းသိမ်းပေးရ မည်။

တိရိစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း

  • အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရိစ္ဆာန်များကို ရိတ်သိမ်း၊  ထုပ်ပိုး၊ သိုလှောင်သည့် နေရာများတွင်   မရှိစေရ။

အထောက်အထားနှင့်မှတ်တမ်းများ

  • ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်း ဆုံး (၂) နှစ် သိမ်းဆည်းထားရမည်။
  • လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းအတွက် သတ်မှတ် ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်း ထားရ မည်။

နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

  • သီးနှံစိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်း ပြန် စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများ အပေါ် တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသား ပြုလုပ် ထားရှိရမည်။
  • သီးနှံထွက်ကုန်ပစ္စည်း တစ်ခုခြင်းစီအတွက် တင်ပို့သည့် နေရာ နှင့်  ပေးပို့သည့် ရက်စွဲ တို့ကို မှတ်တမ်း ထားရှိရမည်။

သင်တန်း

  • ထုတ်လုပ်သူနှင့် လုပ်သားများအား မိမိတို့ ဆောင်ရွက် နေသည့်   လုပ်ငန်းနယ်ပယ် အလိုက် ကျွမ်းကျင်မှု      နည်းပညာများ ရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။

ဆောင်ရွက်ကျင့်သုံးမှု များကိုပြန်လည် သုံးသပ်ခြင်း

  • ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်း များအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်း သေချာ  စေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။
  • တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင် ရွက်ရမည်ဖြစ်ပြီး၊ ဤဆောင်ရွက်မှုများ အတွက်  မှတ်တမ်းများ ထိန်းသိမ်း ထားရှိရမည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး

  • လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြား ချက်များကို ရေးသား ပြသထားရမည် (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။
  • မိလ္လာရေနှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ် မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
  • လုပ်သားများ ကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြော ရေး အလေးထား ဆောင်ရွက်ပေးရမည်။

ဥယျာဉ်ခြံသီးနှံ (၉) မျိုးတို့၏ မြန်မာ GAP Guideline