GAP form

GAPလျောက်ချင်လျင် အရင်ဆုံး စိုက်ပျိုးမည့် မြေကြီး၊ ရေတို့ကို နမူနာယူ၍ ဓာတ်ခွဲ စမ်းသပ်ရပါမည်။ Heavy Metal ကင်းပြီး  safe ဖြစ်မှ လျောက်လို့ ရပါမည်၊

စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် မိမိလျှောက်ထားလိုသည့် သီးနှံများအလိုက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး မြေဆီလွှာနှင့် ရေ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

သီးနှံများ စိုက်ပျိုးထုတ်လုပ်စဉ် ကာလအတွင်း စတင်စိုက်ပျိုးသည်မှ မရိတ်သိမ်းမီ အချိန်အထိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ လာရောက် စစ်ဆေးမည် ဖြစ်ပါသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်၍ သီးနှံများတွင် ကျန်ရှိနေ သည့် အမြင့်ဆုံးလက်ခံနိုင်သည့် ပိုးသတ်ဆေး ဓါတ်ကြွင်း အာနိသင်များကို စစ်ဆေးပါမည်။

လျှောက်ထားသည့် သီးနှံများအလိုက် ဂျီအေပီ စနစ်ဖြင့် ကိုက်ညီသည့်​ သီးနှံ/ သီးနှံစိုက်ခင်း များကို  ဂျီအေပီ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပါမည်။