စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကန့် ဘလူ ခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ သရက်ခြံ ၁၈ ခြံသို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင် ရေး ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တင်မာမာဦးထံမှ သိရသည်။

”GAP စနစ်နဲ့စိုက်ထားတဲ့ခြံတွေ မှာ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေ အဓိကစစ်တာက မြေကိုဓာတ်ခွဲ စစ်ဆေး ထားသလား၊ ရေကိုဓာတ်ခွဲစစ်ဆေးထား သလား၊ သီးနှံတွေမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေက မြန်မာနိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံ တင်ထားတဲ့ သွင်းအားစုတွေကိုပဲ အသုံးပြုတာလားဆိုတာတွေ စစ်တယ်။နောက်ပြီး ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ သုံးတယ်ဆိုရင်လည်း သီးနှံအတွက် ထောက်ခံထားတဲ့ပမာဏကို သုံးရမယ်။ ထောက်ခံထားတဲ့ ပမာဏထက်ကျော်ပြီး သုံးရင်လည်း မကိုက်ညီဘူး။ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ထားရှိသလား၊ လုပ်သားတွေ ကျန်းမာသန့်ရှင်းမှု ရှိ၊ မရှိကိုစစ်တယ်။ သီးနှံတွေ စပြီးစိုက် တဲ့အချိန်ကနေ သီးနှံခူးလိုက်တဲ့အချိန် အထိ တိကျတဲ့မှတ်တမ်းရှိရမယ်။ အဲဒါ တွေကိုစစ်ဆေးတယ်။ GAP စံချိန် စံòန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အသိအမှတ်ပြုလက်မှတ်ကိုတော့ ရုံးချုပ် ကလက်မှတ်ထုတ်ပေးတဲ့အဖွဲ့က GAP စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ခြံတွေကို လက်မှတ်တွေ ထုတ်ပေးသွားမှာပါ”ဟုတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့ များသည် စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်အတွင်း အကျယ် ၅၈ ဒသမ ၈၆ဧကရှိ သရက်သီးနှံ ခုနစ်ခြံနှင့် မြင်းမူမြို့ နယ်အတွင်း အကျယ် ၁၁ ဒသမ ၉၃ ဧကရှိ သရက်သီးနှံ လေးခြံ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ အကျယ် ၅၉၀ ဒသမ ၃၉ ဧကရှိ သရက်ခြံခြောက်ခြံ၊ မုံရွာခရိုင် အရာတော် မြို့နယ်အတွင်း အကျယ် ၁၀ ဧကရှိ သရက် ခြံတစ်ခြံတို့ကို မေ ၈ ရက်မှ ၁၀ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းနှင့် GAP အသိအမှတ်ပြု လက်မှတ်များကို သီးနှံ တင်ပို့ချိန်အမီ ထုတ်ပေးနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရ သည်။