(၈.၅.၂၀၁၉)နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကျင်းပခဲ့ရာ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ဌာန၏အဓိက တာဝန်ကြီး(၃)ရပ် ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး တာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခေတ်မီ နည်းပညာများ တောင်သူများလက်ဝယ်သို့ရောက်ရှိရေး၊ ရိတ်သိမ်းချိန်အလေအလွင့် လျော့ချရေးအတွက် စက်ကိရိယာများ အသုံးပြုရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်လာစေရေး၊ သွင်းအားစုများအရည်အသွေး မှန်ကန်စေရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် သီးနှံများ စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများကို ပေါက်တောမြို့နယ်တွင် မျိုးသန့်စံပြရွာနှင့် မျိုးစေ့ထုတ်လုပ်သူများအသင်းတို့ဖြင့် အကောင်အထည်ဖော် နေပြီဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်လွမ်းခြုံမှု အပြည့်အဝ ရရှိသည်အထိ တိုးတက် စိုက်ပျိုး ထုတ်လုပ် လာအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ(Good Agriculture Practices- GAP)ကို (GAP protocol)များနှင့် အညီ တောင်သူများလိုက်နာစိုက်ပျိုးလာစေရန် လက်တွေစိုက်ပျိုးပြသရန်လိုအပ်ပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန်အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများကို တစ်မြို့နယ်ရွာတစ်ရွာမှ မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ပိုမိုတိုးချဲ့နိုင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ်အလိုက် နှစ်ရှည်သီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများကို တိုးချဲ့စိုက်ပျိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း မှာကြားခဲ့ပြီး ဌာန၏မျော်မှန်းချက်(Vision)၊ လုပ်ငန်းတာဝန်များ(Mission)နှင့် ပန်းတိုင်(Goal)တို့ကို ရရှိသည့်အထိ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆက်လက်ကျင်းပခဲ့ရာ စစ်တွေခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ ပေါက်တောမြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းပညာများကိုလည်းကောင်း ပို့ချခဲ့ပြီး (၁၆:၃၀) နာရီတွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်းအရင်းအမြစ်- Myo Min Tun